April 28, 2008

PFA Young Player of the Year( PFA အကောင်းဆုံးလူငယ်ကစားသမားဆု )

ဖာဘရီဂတ်စ်အား အကောင်းဆုံး လူငယ်ကစားသမားဆု နှင့်အတူ တွေ့ရစဉ်

အကောင်းဆုံးလူငယ်ကစားသမားဆုရှင် ဖာဘရီဂတ်စ် ကတော့ ဒီဆုကို ရဖို့အတွက် ဖာနန်ဒိုတောရက်စ်၊ မီကာရစ်ချက်၊ အဘွန်လဟော် နဲ့ အက်ရှ်လေယန်း တို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်… သူဟာ ဒီနှစ် ပရီးမီးယားလိဂ်မှာ ဂိုးသွင်းယူဖို့ ဖန်တီးမှုပေါင်း ၁၈ ခါ ပြုလုပ်ခဲ့ပြီး သူကိုယ်တိုင် ပြိုင်ပွဲအရပ်ရပ်မှာ ၁၃ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်… “ ကျွန်တော် အရမ်းကို ဂုဏ်ယူပါတယ်… ဒီဆုဟာ အရမ်းကို ဂုဏ်ယူစရာကောင်းတဲ့ ဆုပါ… ဘောလုံးကစားနည်းဟာ စုစည်းမှုနဲ့ ကစားရတဲ့ အားကစားနည်းဖြစ်ပါတယ်.. ဒါကြောင့် ဆုတွေကို အသင်းဖော်တွေနဲ့ ပိုမိုရရှိလိုပေမယ့် ဒီဆုကို ရရှိတာဟာ အတော်လေး ပျော်ရွှင်ဖို့ကောင်းပါတယ် လို့ ဖာဘရီဂတ်စ် က ပြောကြားခဲ့ပါတယ်… ဖာဘရီဂတ်စ်ဟာ ၁၉၉၉ မှာ အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့တဲ့ နီကိုလပ်စ် အနယ်လ်ကာ နောက်ပိုင်း ဒီဆုကို ရရှိခဲ့တဲ့ ပထမဆုံး အာဆင်နယ် ကစားသမား ဖြစ်ပါတယ်…

No comments:

Post a Comment