December 13, 2007

မြန်မာအမျိုးသမီးဘောလုံးအသင်း SeaGame တွင် တတိယရရှိ

မြန်မာအမျိုးသမီးဘောလုံးအသင်းသည် တတိယနေရာလုပွဲတွင် လာအိုအသင်းကို ၅ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပါသည်။ မြန်မာအသင်းမှာ ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုး ဖြင့်ရှုံးကာ လာအိုအသင်းကို အနိုင်ရ၍ တတိယ ရရှိခဲ့ခြင်း ဖြစ်ပါသည်။ ဗိုလ်လုပွဲတွင် ထိုင်းအသင်းက ဗီယက်နမ်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် ဗိုလ်စွဲခဲ့ပါပြီ။
Source: http://www.dvbsports.com

မြန်မာအမျိုးသားဘောလုံးအသင်း SeaGame ဖိုင်နယ်ရောက်ပြီ

မြန်မာအမျိုးသား ဘောလုံးအသင်းကတော့ ဗီယက်နမ်ကို ပန်နယ်တီမှာ ၃ ဂိုး ၁ ဂိုး နဲ့ နိုင်ပြီး ဖိုင်နယ်အဆင့်ကို တက်ရောက်သွားပါပြီ။ တစ်ပွဲလုံး မြန်မာအသင်း ကောင်းတယ်လို့ သိရပါတယ်။ အရင်ကလို အားပေးရကြိုးမနပ် မဟုတ်တော့ပါဘူး။ မြန်မာဟာ ဖိုင်နယ်မှာ အိမ်ရှင် ထိုင်း အသင်းနဲ့ ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၄း၃၀ မှာ ကန်ရမှာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ အုပ်စုပွဲတွင်တွေကနေ တစ်ပွဲပြီးတစ်ပွဲ ခြေစွမ်းထက်လာတယ်လို့ သိရပါတယ်။ ကျွန်တော်ကတော့ ပထမဆုံး ထိုင်းနဲ့တွေ့တဲ့ပွဲကိုပဲ ကြည့်ဖြစ်ပါတယ်။ ထိုင်း ၂ ဂိုးသွင်းပြီးတော့ မကြည့်ဖြစ်တော့ပါဘူး။ ဒါပေမယ့် ထင်ထားတာနဲ့ အတော်လေး လွဲသွားတယ်။ ထိုင်းကို ၃ ဂိုး ၂ ဂိုး နဲ့ ရှုံးတယ်။ ရှုံးပေမယ့် ၂ ဂိုး သွင်းနိုင်တယ်။ အဲဒါကို အတော်လေး အားရတယ်။ ကျွန်တော် ကြည့်မိသလောက် မြန်မာအသင်း ရှုံးရတဲ့ ပွဲတွေမှာ ဂိုးမသွင်းနိုင်တာကလည်း အဓိကလို့ ထင်တယ်။ ဒုတိယပွဲမှာ အင်ဒိုနဲ့ တွေ့တယ်။ ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ပဲ သရေကျသွားတယ်။ မြန်မာတော့ သွားပြန်ပြီလို့ ထင်လိုက်တယ်။ နောက်ဆုံး ကမ္ဘောဒီးယားနဲ့ပွဲမှာ မြန်မာက ၆ ဂိုး ၂ ဂိုး နဲ့ နိုင်တယ်။ ဒါပေမယ့် ရဲရဲမပျော်နိုင်သေးဘူး။ ထိုင်း- အင်ဒို ရလဒ်ကို စောင့်နေရသေးတယ်။ ထိုင်းက နိုင်သွားတယ်ဆိုမှ သက်ပြင်းချနိုင်တယ်။ ဘာလို့လဲဆိုတော့ အင်ဒိုက ကမ္ဘောဒီးယား ကိုနိုင်၊ မြန်မာနဲ့ သရေကျပြီး ၄ မှတ် ရထားတာ။ မြန်မာက ထိုင်းကို ရှုံး၊ အင်ဒိုကို သရေ၊ ကမ္ဘောဒီးယားကို နိုင် ဆိုတော့ ၄ မှတ်ပဲ။ အင်ဒို နောက်ဆုံးရလဒ်ကိုပဲ ကြည့်နေရတာ။ ထိုင်းသာ တွဲခေါ်သွားရင်တော့ မြန်မာတော့သွားပြီပေါ့ ဆိုပြီး။ တော်သေးတယ်… ထိုင်းက အနိုင်ကန်သွားလို့။ မြန်မာနဲ့အင်ဒိုနဲ့က ရမှတ်တူပေမယ့် ဂိုးကွာခြားချက်အရ မြန်မာ ဆီမီးကိုတက်သွားတာ။ ကမ္ဘောဒီးယားကို ရသလောက် ဂိုးသွင်းလိုက်လို့ပေါ့။

အခု ဆီမီးမှာ ဗီယက်နမ်နဲ့ တွေ့တယ်။ မြန်မာအသင်းဟာ ဗီယက်နမ်နဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ခြေအသာနဲ့ ပွဲချိန်အတော်များများ ဖိကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း အတော်များများ ရခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ အထူးသဖြင့် ပွဲပြီးခါနီး ၁ မိနစ်အလိုမှာ ရာဇာဝင်းသိန်းကို ဗီယက်နမ်ဂိုးသမား အဖျက်ကြမ်းလို့ အဖိုးတန် ပင်နယ်တီ ကန်ခွင့် ရတာကို အလယ်တန်းလူ အောင်မျိုးသန့် ၀င်အောင် မကန်နိုင်ခဲ့လို့ အချိန်ပို၊ ပင်နယ်တီအထိ ရောက်ခဲ့ရတာပါ။ သူ့ကိုတော့ အပြစ်မပြောလိုပါဘူး။ ကျွန်တော်ကြိုက်တဲ့ ကစားသမား ဖြစ်လို့ပါ။ :D

အချိန်ပိုမှာလည်း ဗီယက်နမ်ကစားသမားတွေ ကစားအားကျနေတာကို မြန်မာ ဖိကစားနိုင်ခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး။ နောက်ဆုံး ပင်နယ်တီ ကန်ခဲ့ရတယ်။ ကစားအားကျနေရုံ တင်မကဘဲ စိုးရိမ်စိတ်ပါဝင်နေတဲ့ ဗီယက်နမ်အသင်းဟာ ပင်နယ်တီ ၄ လုံးမှာ ပထမဆုံး ကန်သွင်းတဲ့ အသင်းက အသင်းကပ္ပတိန် လီကောင်ဘင်ပဲဝင်ပြီး ကျန်တဲ့ ၃ ယောက်ကန်တာမှာ ဂိုးမ၀င်ခဲ့လို့ ရှုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဂိုးသမားချင်းမှာ မြန်မာဂိုးသမား ကျော်ဇင်ထက်က လက်စွမ်းပိုပြနိုင်(၂ ကြိမ် ကာကွယ်ခဲ့) ခဲ့တာကြောင့်လည်း မြန်မာအသင်း အနိုင်ရခဲ့တာ ဖြစ်တယ်။ တစ်ပွဲလုံး ခြုံကြည့်ရင် ဒီပွဲမှာ မြန်မာအသင်းဟာ ဗီယက်နမ်ထက် နည်းဗျူဟာ၊ နည်းစနစ် ပိုင်း၊ ကစားပုံအပိုင်း၊ ကစားသမားတစ်ဦးချင်းစီရဲ့ စိတ်ဓာတ်နဲ့ ကြိုးစားမှုအပိုင်း၊ ကစားအားအပိုင်းမှာပါ သာခဲ့လို့ ထိုက်ထိုက်တန်တန်နိုင်ပြီး ဗိုလ်လုပွဲ တက်သွားခဲ့ တာဖြစ်တယ်။

၃၄ နှစ်တောင် ကြာခဲ့ပြီ

တကယ်တော့ မြန်မာအသင်းဟာ ကျွန်းဆွယ်ပွဲလို့ အမည်တွင်ခဲ့တဲ့ ပြိုင်ပွဲကစပြီး ဗီယက်နမ်ကို အသာမရခဲ့တာ ၃၄ နှစ်တောင်ရှိပြီ ဖြစ်ပါတယ်။ 1995 ဆီးဂိမ်းဆီးမီးပွဲမှာလည်း လီယွန်ဒက်ရဲ့ ကရာတေးကစ်နဲ့ ၀င်လာတာကို မြန်မာဂိုးသမား အောင်ကျော်ကျော် စိတ်မထိန်းနိုင်ဘဲ မထိတထိ တုန့်ပြန်ခဲ့မိလို့ အနီကတ် ထိခဲ့တဲ့အပြင် အလယ် တန်းလူ အေးနိုင်ကလည်း 2 ၀ါ၊ တစ်နီနဲ့ ထွက်ခဲ့ရပြီး ၉ ယောက်ထဲ ရှိတော့လို့ ဗီယက်နမ်ကို ခြေသာ၊ ဂိုးသာ နေရက်နဲ့ ရှုံးခဲ့ရတာဖြစ်တယ်။ အဲဒီ နောက်ပိုင်း ဗီယက်နမ်နဲ့မြန်မာ ခြေစွမ်းဟာ အတော်လေး ကွာလာခဲ့ပါတယ်။ အခုတော့ ၃၄ နှစ်တာ ဗီယက်နမ်ကို မကျော်နိုင်ခဲ့တာကို ဒီနှစ်မြန်မာအသင်းက ချေဖျက်ပစ်လိုက်နိုင်ခဲ့ပါပြီ။ SEAP, SEA Game မှာ မြန်မာဘောလုံးအသင်း နောက်ဆုံး ဗိုလ်စွဲခဲ့တာကလည်း 1973 နောက်ပိုင်းပြိုင်ပွဲတွေ အားလုံးပဲဆိုတော့ အခုဆို 34 နှစ်တောင် ရှိနေပြီဆိုတာပါ တိုက်ဆိုင်နေပါတယ်။

ဒီပွဲမှာ ကစားသမားတွေသာမက နည်းပြကြီး မားကို့စ်ရဲ့ နည်းဗျူဟာများလည်း အတော်ကောင်းမွန်တယ်လို့သိရပါတယ်။ နောက်တစ်ခုက မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ရဲ့ လုပ်ဆောင်မှုတွေပါပဲ။ အင်ဒိုနဲ့ သရေကျအပြီးမှာ မြန်မာဘောလုံးကစားသမားတွေကို နှုတ်အားဖြင့် အားပေးတဲ့အပြင် ဆုငွေများလည်း ချီးမြှင့်ကြောင်းသိရပါတယ်။ မြန်မာဘောလုံး တိုးတက်ဖို့အတွက် အပြောမဟုတ်၊ အလုပ်နဲ့ သက်သေပြလိုက်သလို ဖြစ်ပါတယ်။ နောက်ဆုံး သတင်းအချက်အလက်များအရ မြန်မာကို ရှုံးသွားတဲ့ ဗီယက်နမ်အသင်းနည်းပြကြီးဟာ ရာထူးမှ နှုတ်ထွက်သွားပြီလို့ သိရပါတယ်။

Source: http://www.dvbsports.com/

September 19, 2007

Website အညွှန်း

www.w3schools.com

ဒီ website ကတော့ Language တစ်ခုကို အခုမှ စပြီး လေ့လာမည့်သူများအတွက် အတော် အသုံးဝင်ပါတယ်။

အခြေခံမှစပြီး ရှင်းပြပေးထားတာပါ။ Html ဆိုရင် Coding ကို တစ်ခါတည်း run လို့ ရအောင် လုပ်ပေးထားပါတယ်။ Html, CSS, SQL, Java Script အစရှိသဖြင့် language အတော်များများပါပါတယ်။

September 18, 2007

Website အညွှန်း

www.dhammadownload.com or http://dhammadownload.org

ဒီ website ကတော့ တရားတော်များ download ချလိုသူများအတွက် ဖြစ်ပါတယ်။ ဆရာတော် အတော်များများရဲ့ တရားတော်များကို တင်ပေးထားပါတယ်။ ရိုးရိုး နဲ့ CD Quality ဆိုပြီး နှစ်မျိုးရပါတယ်။ ရိုးရိုးက File Size သေးပါတယ်။ Audio Quality ကတော့ CD Quality လောက်မကောင်းပါဘူး။ CD Quality ကတော့ File Size ကြီးပါတယ်။ အသံကြည်လင်ပြတ်သားမှုလည်း အတော်ကောင်းပါတယ်။ အရင်ဆုံး ကိုယ်ပူဇော်လိုတဲ့ဆရာတော်ကို Search box မှာရိုက်ထည့်ပါ။ Page အောက်နားတွင် ရှိပါတယ်။ မြန်မာလိုဖြစ်ဖြစ် ၊ English လိုဖြစ်ဖြစ် ရပါတယ်။ ဥပမာ… Sayadaw ဟုရိုက်ပါ။ ပြီးရင် Search dhammadownlaod.com ကို Click တစ်ချက်နှိပ်ပါ။ ထို့နောက် Google Search ကို Click တစ်ချက်နှိပ်ပါ။ Search Result များရလာမည်ဖြစ်သည်။ မိမိ download ချလိုသည့် ဆရာတော်အမည်ကို click နှိပ်ပါ။ မိမိ နှစ်သက်ရာ တရား link ကို နှိပ်ကာ Download ချနိုင်ပါသည်။ CD Quality ကိုရွေးချင်ရင် If you need to download higher quality audio files to burn MP3 CDs, please click here. ကိုနှိပ်ပါ။

ကြိုက်ရာကို download ချပြီး ပူဇော်နိုင်ပါတယ်။

September 17, 2007

မြန်မာအမျိုးသမီးဘောလုံးအသင်း၏ အောင်ပွဲ

မြန်မာအမျိုးသမီးအသင်းကတော့ အောင်ပွဲရလိုက်ပြန်ပြီ... ချီးကျူးစရာပေ...

ကစားကွက်ကလည်းကောင်း… သက်လုံကလည်းကောင်းဆိုတော့ ထိုင်းအသင်း ရွာလည်သွားတာပေါ့။ အမှန်က ထိုင်းအသင်းက ကျွန်တော်တို့ မြန်မာထက် အစစ အရာရာသာတာ။ ဘောလုံးအပေးအပို့ ၊ ပြေးအား ၊ skill ပြောစရာမရှိအောင်ကို ကောင်းတာ… like man… ထိုင်းတစ်ယောက်ကန်ပြီး ဘားတန်းထိသွားတဲ့ ဘောလုံးဆိုရင် သူတို့ရဲ့ ကန်နိုင်အား ကို ပြလိုက်သလိုပဲ။ Goal သွားပြီတောင်ထင်တာ… ဟဲ ဟဲ….ကံတရားက သူတို့ ထိုင်းအသင်းဘက်မှာ မရှိဘူး…ဒါပေမယ့် ကျွန်တော်တို့ မြန်မာအသင်းသာတာက စိတ်ဓါတ် နဲ့ ပရိသတ်ရဲ့ အားပေးမှုပါပဲ။ တစ်ကွင်းလုံး ဗမာ ပရိသတ်ကြီးပဲ… တစ်သင်းလုံးလည်း ကြိုးစားကြတယ်။ ကိုယ့်ကြောင့် ဘောလုံးပျက်သွားရင် မရ ရအောင် ပြန်လိုက်လုတဲ့ စိတ်ဓါတ်ကလည်း အတော် ချစ်စရာကောင်းတယ်… ကစားကွက်လည်း ကောင်းတယ်… Passing ပိုင်းလည်း ကောင်းလာတယ်… နည်းပြဆရာရဲ့ စကားကိုလည်း အတော်လည်း လိုက်နာပုံရတယ်… ဒီလို အောင်မြင်မှုရတာမှာ နည်းပြတစ်ယောက်ရဲ့ အပိုင်း ကလည်း အတော် အရေးကြီးတယ်… ပထမပိုင်း မြန်မာအသင်း ထိုင်းရဲ့ လွှမ်းမိုးမှုခံနေရတာကို ဒုတိယပိုင်းမှာ ရအောင်ပြုပြင်နိုင်တာဟာ နည်းပြတစ်ယောက်ရဲ့ စွမ်းရည်ကို ပြလိုက်သလိုပဲ…

June 22, 2007

Blog များသို့ ဝင်လည်ခြင်း

ဒီနေ့တော့ မြန်မာ blog တော်တော်များများ ဝင်ကြည့်ဖြစ်တယ်… ဒီဇိုင်းလေးတွေက ကောင်းတယ်ဗျ… ဒါပေမယ့် အတွင်းက content ပိုင်းကတော့ နည်းနည်း လိုနေသေးတယ်လို့ထင်တယ်… ဆရာလုပ်ချင်လို့ မဟုတ်ပါ… ထင်မြင်ချက်ပေးတာပါ… ကြည့်မိတဲ့ blog တွေမှာ ကဗျာတွေကိုတော့ အတော်လေးတွေ့တယ်။ Blog ဆိုရင် ကဗျာပါရမယ်လို့များ ထင်နေလား မသိပါဘူးဗျာ… အင်း… ကဗျာမရေးတတ်လဲ blog လုပ်လို့ ရပါတယ်နော်…ဟီး ဟီး… ကျွန်တော်က ကဗျာ မရေးတတ်ဘူးဗျ… သိပ်ပြီးတော့လည်း မခံစားတတ်ဘူး… တကယ်ပြောတာ… တစ်ချို့ ကဗျာတွေကိုတော့ ခံစားလို့ရပါတယ်… ဒါပေမယ့် အတော်များများကိုတော့ အဓိပ္ပာယ်နားမလည်ဘူး…

(စြာ ကွင်း… ကျွန်တော့်ဆီက ကဗျာတွေက သူငယ်ချင်းတစ်ယောက် ရေးပေးတာတွေ…)

May 29, 2007

မနက်အာရုဏ်တက်နာရီစက်သံက
တစ္ဆေညည်းသံလို အေးစက် …
နေ့သစ်ရဲ့အလင်းတန်းတွေကလည်း
တစ္ဆေရဲ့လက်ချောင်းတွေလို ကုတ်ဖဲ့ …
ညကယုဇနပန်းနံ့တွေလည်း
ဘယ်သံစဉ်နောက်ကောက်ကောက်ပါအောင်
လိုက်သွားလဲမသိ

ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့ ၀င်သက်ထွက်သက်ကို
အင်အားမဲ့သက်ပြင်းတွေက
မီးလောင်ရာလေပင့်နေသယောင် …
လျော့တိလျော့ရဲအာရုံထဲက
တင်းတင်းရင်းရင်းအလှတွေကလည်း
အပြေးအလွှား …
ဆည်းဆာချိန်ကိုခုန်အုပ်ချင်တဲ့ ဆန္ဒကလည်း
လည်ဆံမွှေးတဖွားဖွားနဲ့ …

မျှော်လိုက်ရတာ ညနေပျိုရယ်
အိပ်မက်တွေပုပ်သိုးကုန်မှဖြင့် ခက်လှရော့မယ်
သန်းခေါင်မတိုင်ခင် သူတို့ကိုထုဆစ်ရဦးမယ်လေ
သူရိန်ရဲ့ကိုယ်ရောင်ကိုယ်ဝါကို ငါမခံနိုင်တာလည်း
မင်းသိသားနဲ့ …
ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ ငါ့ရင်ခွင်ကို မွမ်းမံဖို့
ကြယ်တစ်ပွင့် သေသေချာချာလင်းနေရမယ်လေ … ။ ။


အယ်မှူးကို

ဘဝကို ရိုးရိုးရှင်းရှင်းပဲ ဖြတ်သန်းခဲ့တဲ့ အမျိုးသမီးတစ်ယောက်

သူမ… နာမည်က စန္ဒာ… ဘဝကို ရိုးရိုးရှင်းရှင်းပဲ ဖြတ်သန်းခဲ့တဲ့ အမျိုးသမီးတစ်ယောက်… ပုံမှန်အတိုင်းပါပဲ… ကျောင်းတက်တယ်… ကျောင်းပြီးလို့ ဘွဲ့ရတဲ့အခါကျတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်လျှောက်တယ်… ဒီလိုနဲ့ ကုမ္ပဏီမှာ trainee တစ်ယောက်အနေနဲ့ အလုပ်ဝင်ခဲ့တယ်… ဒါနဲ့ trainee ဆိုတာ ကုမ္ပဏီက ဝန်ထမ်းအသစ်ပေါ့နော်… လုပ်ရမယ့်အလုပ်တွေကို ကုမ္ပဏီကပဲ အစစအရာရာ သင်ပေးရမယ့်သူကို ပြောတာပါ… မစန္ဒာလဲ ကျောင်းပြီးလို့ အလုပ်ဝင်စဆိုတော့ အလုပ်အကြောင်းလဲ သိပ်မသိသေးဘူးဗျ… Trainee ဆိုတော့ လခကလဲ များများမရသေးဘူး… ဒါပေမယ့် ကုမ္ပဏီက သူ့ကို အလုပ်မှာလိုအပ်မယ့်အရာတွေကို training ပေးခဲ့တယ်… သူမလဲ သင်တန်းတော်တော်များများ တက်ခဲ့ရတယ်…

ပြီးတော့ မစန္ဒာက အလုပ်ကြိုးစားတယ်ဗျ… ဒီတော့ ကုမ္ပဏီသူဌေးက သူမရဲ့ အလုပ်ကြီးစားမှု၊ လုပ်ရည်ကိုင်ရည်နဲ့ တိုးတက်မှုတွေကို သဘောကျလာတယ်… သိပ်မကြာပါဘူး… မစန္ဒာ လခတိုးသွားတယ်… ၂ နှစ်လောက်ကြာတော့ ရာထူးတိုးတယ်… ငါးနှစ်လောက်လဲရောက်ရော လူငါးယောက်ရှိတဲ့ department ကိုကြီးကြပ်ရတဲ့သူတစ်ယောက် ဖြစ်လာရော…

ဒီလိုနဲ့ မစန္ဒာ အသက် ၃၀ လောက်ရောက်တော့ ပိုပြီးတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ အလုပ်တစ်ခုကို လိုချင်လာရော… နိုင်ငံခြားကို သွားချင်လာတဲ့စိတ် ဖြစ်လာတယ်ပေါ့ဗျာ… ဒါနဲ့ ကုမ္ပဏီကနေ အလုပ်ထွက်လိုက်ပြီး တစ်ခြားအလုပ်တစ်ခုပြောင်းရှာခဲ့တယ်… သိပ်မကြာပါဘူး… တစ်လလောက်ကြာတော့ အလုပ်တစ်ခုရခဲ့တယ်… ကံကလဲ ကောင်းတယ်ဗျ… ဒီခေတ်ကြီးမှာ အလုပ်တစ်ခုကို ဒီလောက်မြန်မြန်နဲ့ ရဖို့ဆိုတာ သိပ်လွယ်တာမဟုတ်ဘူး… အပေါင်းအသင်း၊ အဆက်အသွယ်ကြောင့်လဲ ပါတာပေါ့ဗျာ… အလုပ်ရတဲ့ကုမ္ပဏီက International ကုမ္ပဏီတစ်ခုမှာဗျ… အလုပ်ကလဲ နိုင်ငံခြားကို ခရီး တော်တော်များများ သွားရမယ်တဲ့… အစဆိုတော့ သူမလဲ ဒီလိုခရီးသွားရတာနဲ့ ပတ်သက်ပြီး အတော်လေးစိတ်လှုပ်ရှားမိတာပေါ့… ပြီးတော့ ခရီးထွက်ရတာကိုလဲ ကြိုက်တာပေါ့ (နိုင်ငံခြားကို သွားရတာဆိုတော့)…

ဒါပေမယ့်…ခြောက်လလောက်ကြာတော့ မစန္ဒာ ခရီးသွားရတာကို သိပ်မကြိုက်တော့ဘူး…ငြီးငွေ့လာတယ်။ နိုင်ငံရပ်ခြား ခရီးသွားတယ်ဆိုတာ တည်းတာက ဟော်တယ်မှာချည်းပဲ နေရတာဆိုတော့… တည်းမယ့်မြို့မှာ အမျိုးတွေ… သူငယ်ချင်းတွေရှိရင်တော့ တစ်မျိုးပေါ့လေ… ဒီလိုနဲ့ပဲ အလုပ်မှာ အမှားအယွင်းတွေ ဖြစ်လာတယ်… အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘူး… တစ်နှစ်လောက်ကြာတော့ မစန္ဒာ အလုပ်ထုတ်ခံရတယ်… ဘဝဟာ အတော်လေး ခက်ခဲလာတာပေါ့… အလုပ်လက်မဲ့ ၉လလောက် ဖြစ်ပြီးတော့မှ စားသောက်ဆိုင်တစ်ခုရဲ့ မီးဖိုချောင်မှာ အချိန်ပိုင်းအလုပ်တစ်ခု ရတော့တယ်…

မစန္ဒာက စားသောက်ဆိုင်မှာ အလုပ်လုပ်ရတာကို အတော်လေး နှစ်ခြိုက်မိတယ်… အခုမှ သူမ လျှောက်လှမ်းရမယ့် ဘဝကို တွေ့လိုက်ရသလိုပါပဲ… အချက်အပြုတ်ကိုလည်း စိတ်ဝင်တစားနဲ့ သင်ဖြစ်တယ်… ၂နှစ်လောက်အကြာမှာတော့ အဲဒီစားသောက်ဆိုင်မှာ သူ့ခြေသူ့လက်ပဲ ဖြစ်လာတယ်… သူမဟာ စားသောက်ဆိုင်တစ်ဆိုင်ကို ဦးစီးအုပ်ချုပ်နိုင်လာတယ်… ဒီလိုနဲ့ ကိုယ်ပိုင်စားသောက်ဆိုင်လေးတစ်ဆိုင်ကို ဖွင့်ဖြစ်ခဲ့တယ်… တစ်နှစ်လောက်ကြာတော့ နောက်တစ်ဆိုင်… နှစ်၂၀လောက်ကြာတော့ စားသောက်ဆိုင်၁၀ဆိုင်ပိုင်ရှင်ဘဝကို ရောက်လာပါတော့တယ်…

သူမစားသောက်ဆိုင်တွေရဲ့ ပိုင်ရှင်တစ်ယောက်ဖြစ်လာမှ သိလာတာတစ်ခုကတော့ လူတစ်ယောက်ဟာ ဘဝမှာ အောင်မြင်၊ ကြီးပွားချင်ရင် မိမိဝါသနာနဲ့ ကိုက်ညီတဲ့အလုပ်တစ်ခုကို ဇွဲကောင်းကောင်းနဲ့ လုပ်မှဆိုတာကိုပါ… လူငယ်ဘဝမှာ စိတ်ဝင်စားခဲ့တဲ့ အလုပ်တွေဟာ ကိုယ်လျှောက်လှမ်းရမယ့်ဘဝနဲ့ ကိုက်ညီရဲ့လား… ကိုယ်ရဲ့ တစ်ကယ့်ဝါသနာလားဆိုတာကိုတော့ ဆန်းစစ်ဖို့လိုပါလိမ့်မယ်… အလုပ်လုပ်ရင်း အခက်အခဲနဲ့တွေ့တဲ့အခါ တတ်နိုင်သမျှ ပြေလည်အောင် ဖြေရှင်းပေးရမယ် ဆိုတာကိုလည်း အလုပ်လုပ်ရင်းရတဲ့ အတွေ့အကြုံအရ သိလာခဲ့ရပါတယ်… ပြီးခဲ့တဲ့နှစ် ၂၀၀၆… မစန္ဒာ အသက်၅၀မှာ အလုပ်ကနေ အနားယူခဲ့ပါတယ်… လူချမ်းသာတစ်ယောက်အနေနဲ့ပေါ့….

‘အလွမ်း’

အစိမ်းသက်သက် တိုက်ခတ်ခဲ့တာပဲ

မုသာဝါဒ မပါဘူးဆိုတာကိုတော့

ငါ ရဲရဲတင်းတင်းကြီးကို

စီးဆင်းဝံ့ပါတယ်

ပန်းခင်းထဲ ခေါက်တုန့်ခေါက်ပြန်လျှောက်ရုံနဲ့

ငါ မွှေးမလာဘူးဆိုတာကိုတော့

သိထားခဲ့ပါရဲ့

အဲဒီ အဆိပ်ခွက်

ငါ့အတွက်မှဟုတ်ရဲ့လား

မဖိတ်မစင်လွဲခဲ့တဲ့

ဆုတံဆိပ်မှာ

အသားများများမှ ညှပ်ထားရဲ့လား

ငါမသေချာပါဘူး ဆိုတာကို

ဘယ်သူသေသေချာချာသိသလဲ …

…………….

ငါ မသေချာဘူး ။ ။

အယ်မှူးကို

လမင်း၏အလင်းရောင်အား မလွှမ်းခြုံမှီ

ကျွန်ုပ်အား ညတစ်ညဖြစ်ခွင့် အရင်ပေးပါ

နှလုံးသည်းပွတ်မှလာသော ဆိတ်ငြိမ်ခြင်းဖြင့်

သင်တို့၏အိပ်စက်ခြင်းအား

ကျွန်ုပ်စောင့်ရှောက်မည်

လဲလျောင်းကြလော့ …

စဉ်းလဲသူတို့၏မျက်ရည်ဖြင့်

ကျွန်ုပ်၏ရင်ခွင်အား သစ်လွင်စေမည်

သင်တို့၏ဆန္ဒများအား စွန့်ပစ်ခဲ့ကြပါ

မနက်ဖြန်ရွာသောမိုးသည် သင်၏မျက်ရည်မဖြစ်စေလို

ကျွန်ုပ်၏ချစ်ခြင်းအားဖြင့်

သင်တို့၏ညစာတွင်

ဗန်ဂိုး၏နားရွက်ဖြင့် တည်ခင်းဧည့်ခံမည်

ကျွန်ုပ်၏ရင်ခွင်သည်ကမ္ဘာဖြစ်သည်

လဲလျောင်းကြလော့ … ။ ။

အယ်မှူးကို

နှုတ်ဆိတ် …

ကြိတ်မှိတ် …

ငါတိတ်တိတ်လေး နေပါ့မယ်

ကဗျာရွတ်သံ …

ပန်းတွေပွင့်တဲ့အသံ …

ငါ့အကြည့်တွေရဲ့အသံကို

မင်းနားမလည်မချင်း

နှုတ်ဆိတ်ကြိတ်မှိတ်

ငါ …

တိတ်တိတ်လေးနေပါ့မယ် ။ ။

အယ်မှူးကို
ငါ့အတွက်တော့

ဘဝဆိုတာ ပျင်းစရာကောင်းတဲ့

ပြဇာတ်တစ်ပုဒ်ပါပဲ

ဘယ်မှာမှမြစ်ဖျားမခံခဲ့ဘဲနဲ့

ခုချိန်ထိ …

ငါ စီးဆင်းနေရ

အိပ်စရာရှာရင်း …

စားစရာရှာရင်း …

မှားစရာရှိတာတွေ မှားရင်းနဲ့

သံချောင်းခေါက်သံ ဆယ့်နှစ်ချက်ထက်

ငါ့ဘဝ ညဥ့်နက်နေခဲ့ရတယ် ။ ။

အယ်မှူးကို

May 28, 2007

အချောအလှများလှ တက္ကသိုလ်မဟာ

စိတ်ကြိုက်ရှာကြပါ။

တွေ့သူတွေမှာ အတွဲတွေနဲ့ကွာ

ပျော်ကြရတာဗျာ။

မတွေ့သူလည်း မလျှော့ဇွဲနဲ့

ကြိုးစားကြရမှာ
ကြိုးစားပါ ကြိုးစားပါ။ ။

ဒီကဗျာကတော့ ကျွန်တော် တက္ကသိုလ် ပထမနှစ် ကျောင်းကိုရောက်ပြီး သိပ်မကြာခင် ရေးဖြစ်ခဲ့တာပါ။ ကျောင်းမှာ လူအများကြီးကို တွေ့ပြီး ခံစားမိခဲ့တဲ့ အကြောင်းကို ရေးခဲ့တာပါပဲ။ တက္ကသိုလ်ကျောင်းမှာ ပထမဆုံး ရေးဖြစ်တဲ့ ကဗျာလေးပါ။

ကျွန်တော် ဒီနေ့ Internet ကိုနောက်ကျမှသုံးဖြစ်တယ်၊၊

ကျွန်တော်

ကျွန်တော်က အောင်ကိုပါ၊၊ ကျွန်တော်လည်း သူများတွေလို မြန်မာ Blog လုပ်ပြီးတင်ချင်လို့ ဒီ Blog ကိုတင်လိုက်တာပါ။ ကိုမောင်လှကိုလည်း ကျေးဇူးတင်ပါတယ်၊ သူ့ဆီကနေ မြန်မာလိုရေးနည်းသိရလို့ပါ၊

About Computer

Computer is very interesting.Do u agree?