April 28, 2008

PFA team of the year


ရှေ့တန်း : အဒီဘာယော(အာဆင်နယ်)၊ ဖာနန်ဒိုတောရက်စ်(လီဗာပူးလ်)

အလယ်တန်း : စတီဗင်ဂျရတ်(လီဗာပူးလ်)၊ ဖာဘရီဂတ်စ်(အာဆင်နယ်)၊ စီရိုနယ်ဒို(မန်ယူ)၊ အက်ရှ်လေရန်း(အက်စတွန်ဗီလာ)

နောက်တန်း : ဆက်ဂ်နာ(အာဆင်နယ်)၊ ရီယိုဖာဒီနန်(မန်ယူ)၊ ဗီဒစ်(မန်ယူ)၊ ကလစ်ချီ(အာဆင်နယ်)

ဂိုး : ဒေးဗစ်ဂျိမ်း(ပို့စ်မောက်)


PFA Young Player of the Year( PFA အကောင်းဆုံးလူငယ်ကစားသမားဆု )

ဖာဘရီဂတ်စ်အား အကောင်းဆုံး လူငယ်ကစားသမားဆု နှင့်အတူ တွေ့ရစဉ်

အကောင်းဆုံးလူငယ်ကစားသမားဆုရှင် ဖာဘရီဂတ်စ် ကတော့ ဒီဆုကို ရဖို့အတွက် ဖာနန်ဒိုတောရက်စ်၊ မီကာရစ်ချက်၊ အဘွန်လဟော် နဲ့ အက်ရှ်လေယန်း တို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်… သူဟာ ဒီနှစ် ပရီးမီးယားလိဂ်မှာ ဂိုးသွင်းယူဖို့ ဖန်တီးမှုပေါင်း ၁၈ ခါ ပြုလုပ်ခဲ့ပြီး သူကိုယ်တိုင် ပြိုင်ပွဲအရပ်ရပ်မှာ ၁၃ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်… “ ကျွန်တော် အရမ်းကို ဂုဏ်ယူပါတယ်… ဒီဆုဟာ အရမ်းကို ဂုဏ်ယူစရာကောင်းတဲ့ ဆုပါ… ဘောလုံးကစားနည်းဟာ စုစည်းမှုနဲ့ ကစားရတဲ့ အားကစားနည်းဖြစ်ပါတယ်.. ဒါကြောင့် ဆုတွေကို အသင်းဖော်တွေနဲ့ ပိုမိုရရှိလိုပေမယ့် ဒီဆုကို ရရှိတာဟာ အတော်လေး ပျော်ရွှင်ဖို့ကောင်းပါတယ် လို့ ဖာဘရီဂတ်စ် က ပြောကြားခဲ့ပါတယ်… ဖာဘရီဂတ်စ်ဟာ ၁၉၉၉ မှာ အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့တဲ့ နီကိုလပ်စ် အနယ်လ်ကာ နောက်ပိုင်း ဒီဆုကို ရရှိခဲ့တဲ့ ပထမဆုံး အာဆင်နယ် ကစားသမား ဖြစ်ပါတယ်…

Professional Footballers' Association Player of the Year (PFA အကောင်းဆုံးကစားသမားဆု)

စီရိုနယ်ဒိုအား PFA အကောင်းဆုံးကစားသမားဆု နှင့်အတူ တွေ့ရစဉ်

မန်ယူစတား စီရိုနယ်ဒိုကတော့ ဒီနှစ်အတွက် ချီးမြှင့်တဲ့ PFA အကောင်းဆုံးကစားသမားဆုကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်း က ရရှိခဲ့ပါတယ်… သူဟာ ဒီဆုကို လီဗာပူး(လ်)က ဖာနန်ဒိုတောရက်စ် နဲ့ စတီဗင်ဂျရတ်၊ အာဆင်နယ်က ဖာဘရီဂတ်စ် နဲ့ အဒီဘာယော နဲ့ ပို့စ်မောက် ဂိုးသမား ဒေးဗစ်ဂျိမ်း တို့ကို ကျော်ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်… စီရိုနယ်ဒိုဟာ ယခုနှစ်အတွက် PFA အကောင်းဆုံး လူငယ်ကစားဆု အတွက်လည်း ဆန်ကာတင်အဆင့်ထိ ပါဝင်ခဲ့ပါတယ်… ဒီ PFA အကောင်းဆုံးလူငယ်ကစားဆုကိုတော့ စီရိုနယ်ဒိုဟာ ၂၀၀၇ ခုနှစ်မှာ ရရှိခဲ့ပါတယ်… ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အာဆင်နယ်မှ ဖာဘရီဂတ်စ် မှ ရရှိခဲ့ပါတယ်… ဆုချီးမြှင့်ပွဲကိုတော့ လန်ဒန်က Grosvenor House Hotel မှာ ကျင်းပခဲ့ပြီး ဒီပွဲကိုတော့ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် ကစားဖို့ရှိတဲ့အတွက် စီရိုနယ်ဒို မတက်ရောက်နိုင်ခဲ့ပါဘူး… ရိုနယ်ဒိုက ဒီဆုနဲ့ ပတ်သက်ပြီး “ ကျွန်တော် အတော်လေး ပျော်ရွှင်မိပါတယ်… သင်ဟာ သင့် အသင်းအတွက် တစ်ရာသီလုံး ကြိုးစားပြီးတဲ့နောက် … နောက်ဆုံးမှာ PFA က သင့် ကို ဒီ အကောင်းဆုံးပေးတဲ့အချိန်ဟာ တကယ့် အချိန် အခိုက်အတန့်ပါပဲ… ” လို့ ပြောကြားခဲ့ပါတယ်… ပြီးတော့ ဒီဆုဟာ ဂုဏ်ပြုမှု၊ ပျော်၇ွှင်မှု နဲ့ အလုပ်ကို ကောင်းသထက် ကောင်းအောင် ကြိုးစားဖို့ တွန်းအားပေးမှု တစ်ရပ်ပါလို့ လဲ ဖွင့်ဟသွားခဲ့ပါတယ်… ခုအချိန်ဟာ ကျွန်တော့်အတွက်တော့ ကောင်းမွန်တဲ့ အခိုက်အတန့်ပါပဲ… ပြီးတော့ ဒါက ကျွန်တော့်ရဲ့ ဆု မဟုတ်ပါဘူး… ကျွန်တော်တို့ အသင်းသားများဟာ ဒီရာသီမှာ အတော်များများ ကူညီပြီး ဂိုးသွင်းခွင့်တွေ ဖန်တီးပေးခဲ့လို့ ကျွန်တော် ဂိုးတွေ သွင်းနိုင်ခဲ့တာပါ… စီရိုနယ်ဒိုဟာ ဒီရာသီမှာ ပြိုင်ပွဲအရပ်ရပ်မှာ ဂိုး ၃၈ ဂိုး သွင်းထားပြီး သူ့ရဲ့ ဒီရာသီ ပထမဆုံး ဟက်ထရစ် ဂိုးကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ကစားခဲ့တဲ့ နယူးကာဆယ် နဲ့ ပွဲမှာ သွင်းယူနိုင်ခဲ့ပါတယ်…. အဲဒီနောက် မတ်လ ၁၅ ရက်နေ့ ကနေ ဧပြီလ ၁၃ အတွင်း မှာ ကစားခဲ့တဲ့ ၇ ပွဲမှာ ၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်…. ဒီပေါ်တူဂီ တောင်ပံကစားသမားဟာ ချန်ပီယံလိဂ် နဲ့ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ နီးကပ်တဲ့အခြေအနေရောက်အောင် အသင်းဖော်တွေကို ဖန်တီးမှုပေါင်း မြောက်မြားစွာ ပြုလုပ်ပေးခဲ့ပါတယ်… သူဟာ သီယာရီအွန်နရီ(၂၀၀၃၊ ၂၀၀၄)ရဲ့နောက် ဒီ PFA အကောင်းဆုံးကစားသမားဆုကို နှစ်နှစ်ဆက်တိုက်ရတဲ့ ပထမဆုံး ကစားသမား ဖြစ်လာပါတယ်…



ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ ရလဒ်များ

ပရီးမီးယားလိဂ်ကတော့ ချယ်(လ်)ဆီးက မန်ယူကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်လိုက်လို့ ဇာတ်ရှိန်အတော်လေး မြင့်လာပါပြီ။ နောက်ဆုံးပွဲစဉ် ၃၈ ရှိ ဆွဲဆောင်သွားမယ့်ပုံ ရှိပါတယ်။ ယခုအပတ် စနေ၊ တနင်္ဂနွေ ကစားသွားတဲ့ပွဲစဉ်များမှာ ချယ်(လ်)ဆီးက ဂျာမနီစတား မိုက်ကယ်ဘောလက်ရဲ့ သွင်းဂိုး နှစ်ဂိုး နဲ့ ထိပ်ဆုံးက ဦးဆောင်နေတဲ့ မန်ယူ အသင်းကို အနိုင်ရရှိခဲ့ပြီး အမှတ်တူ ဂိုးကွာခြားချက်နဲ့ ဒုတိယနေရာကနေ လိုက်လံဖိအားပေးနိုင်ခဲ့ပြီး တတိယနေရာက အာဆင်နယ်ကတော့ ဒါဘီ ကောင်တီ နဲ့ ဒီနေ့မှ ကန်ရမှာဖြစ်ပါတယ်... စတုတ္ထနေရာက လီဗာပူး(လ်) ကတော့ ဘာမင်ဂမ် နဲ့ အဝေးကွင်း မှာ ၂ ဂိုး စီ သရေ ကျသွားခဲ့ပါတယ်... ဒါပေမယ့် သူက တော့ ပဉ္စမ နေရာ က အဲဗာတန်နဲ့ ရှစ်မှတ်အထိ ပြတ်သွားပြီ ဖြစ်တဲ့အတွက် လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက်တော့ စိုးရိမ်စရာ မရှိတော့ ပါဘူး... ပဉ္စမနေရာက အဲဗာတန်ကတော့ အက်စတွန်ဗီလာနဲ့ အိမ်ကွင်းမှာ ၂ ဂိုးစီ သရေကျသွားခဲ့ပါတယ်... အဆင့် ၇ နေရာက ပို့စ်မောက် ကတော့ အိမ်ကွင်းမှာ ဘလက်ဘန်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်... ဒါကြောင့် ဘလက်ဘန်းနဲ့ ပို့စ်မောက်ကြား အမှတ်ကွာခြားချက် ၂ မှတ်သာရှိတော့ပြီး ဘလက်ဘန်းဟာ အဆင့် ၈ နေရာကို မန်စီးတီး အသင်းအပေါ် အမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ ရယူနိုင်ခဲ့ပါတယ်... မန်စီတီးကတော့ ဖူ(လ်)ဟမ်ကို အိမ်ကွင်းမှာ ၃ ဂိုး ၂ ဂိုး နဲ့ ရှုံးနိမ့်ပြီး အဆင့် ၈ နေရာကနေ အဆင့် ၉ နေရာ ကို ရောက်ရှိသွားပါတယ်... ကျန်ရှိတဲ့ ပရီးမီးယားလိဂ် ဘောလုံးရလဒ်များကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်...


Chelsea - ၁ Manchester U.

(ဘောလက်(၄၅’ ၊ ၈၆’ (ပယ်နယ်တီ))၊ ရွန်းနီ(၅၆’))

Birmingham C. ၂ - ၂ Liverpool

(ဖော်ဆဲ(လ်)(၃၄’)၊ လာဆင်(၅၅’)၊ ပီတာခရော့ခ်ျ(၆၃’)၊ ဘီနာယေင်(၇၆’))

Manchester C. ၂ - ၃ Fulham

(အိုင်ယာလန်(၁၀’)၊ မာရူဝါရီ(၂၁’)၊ ကာမာရာ(၇၀’)၊ မာဖီ(၉၀’))

Sunderland ၃ - ၂ Middlesbrough

(တွန်ကေးဆန်လီ(၄’)၊ ဟဂ်ဂင်ဘိုတန်(၆’)၊ ချော်ပရာ(၄၅’)၊ အဲ(လ်)ဗက်(၇၃’)၊ ပိုဂါတက်(၉၀’)(O.G))

Tottenham H. ၁ - ၁ Bolton W.

(ဂီရာနာကိုပေါလတ်(၄၆’)၊ မဲလ်ဘရန့်(၅၂’))

West Ham U. ၂ - ၂ Newcastle U.

(နိုဘယ်(၁၀’)၊ အက်ရှ်တန်(၂၃’)၊ မာတင်(၄၂’)၊ ဂျရမီး(၄၅’))

Wigan Athletic ၀ - ၀ Reading

Portsmouth ၀ - Blackburn R.

(ဆန်တာခရု(ဇ်)(၇၄’))

Everton ၂ - ၂ Aston Villa

(ဖီးလ်နဗီး(၅၅’)၊ အဘွန်လဟော်(၈၀’)၊ ယိုဘို(၈၄’)၊ ဂျွန်ကာရူး(၈၅’))

April 22, 2008

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ရလဒ်များ

လီဗာပူး(လ်) ၁ - ၁ ချယ်(လ်)ဆီး

( ကူရစ်(၄၃’)၊ ရစ်ဆီ(၉၀’ OG) )

ချယ်(လ်)ဆီးကတော့ အတော်လေး ကံကောင်းသွားတယ်... ပထမပိုင်း ၁၁ မိနစ်လောက်အထိတော့ ဂျိုကိုးတို့၊ မာလူဒါတို့ လီဗာပူး(လ်) ဘက်ကို တရဆက် တိုက်စစ်ဆင်နေတော့ ဒီပွဲတော့ ဟုတ်ပြီလို့ အောက်မေ့တာ ၁၂ မိနစ် နောက်ပိုင်းရောက်တော့ လီဗာပူး(လ်)ကပဲ ပွဲကို အစအဆုံး ထိန်းချုပ်သွားနိုင်ပါတယ်... ဘာလို့ ဂျိုကိုးနဲ့ မာလူဒါတို့ရဲ့ တောင်ပံ့တိုက်စစ်က နောက်ပိုင်းမှာ ကျသွားတာလဲတော့ မသိဘူး... ဒီပွဲမှာ နည်းပြနှစ်ယောက်တို့ရဲ့ နည်းဗျူဟာတွေမှာ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်... လီဗာပူး(လ်)ကတော့ အိမ်ကွင်းမှာ အသာရဖို့အတွက် တိုက်စစ်မှူးတောရက်(စ်) တစ်ယောက်တည်းကိုဘဲ ရှေ့မှာတင်ထားပါတယ်... ကျန်တဲ့တိုက်စစ်မှူး ကူရစ်ကိုတော့ ကွင်းလယ် ညာတောင်ပံ့ကို ထုတ်ပြီး ကစားစေခဲ့ပါတယ်... လီဗာပူး(လ်)နည်းပြကြီး ဘင်နီတက်(ဖ်)ရဲ့ ဒီနည်းဗျူဟာ ဟာ အံ့ဝင်ခဲ့ပြီး လီဗာပူး(လ်)အသင်းရဲ့ ပထမဂိုး ကိုလည်း ကူရစ်ကပဲသွင်းသွားနိုင်ခဲ့ပါတယ်... ဒီပွဲမှာ ဘင်နီတက်(ဖ်)ရဲ့ အတွေ့အကြုံရှိသူတွေကို အားကိုးခဲ့တာကလည်း မှန်ကန်ခဲ့ပါတယ်... အခုနောက်ပိုင်း အသင်းမှာ နေရာမရဖြစ်လာတဲ့ အလွန်ဆိုကိုလည်း ဒီပွဲမှာ ရဲရဲဝံ့ဝံ့ထည့်သုံးပြီး ချယ်(လ်)ဆီးရဲ့ ကွင်းလယ်ကို ထိန်းချုပ်ခဲ့ပါတယ်... မန်ယူနဲ့ပွဲမှာ အနီကတ်ပြခံခဲ့ရတဲ့ မာရှေရာနိုကလည်း ကွင်းလယ်မှာ အမှားမရှိအောင် ကစားသွားနိုင်ခဲ့ပါတယ်... လီဗာပူး(လ်)အသင်းခေါင်းဆောင် စတီဗင်ဂျရတ်ကတော့ ကွင်းလယ်မှာ နေရာစုံ ဖြည့် ကစားသွားခဲ့ပါတယ်... ချယ်(လ်)ဆီးနည်းပြကြီး အေဗရာဂရန့်ကတော့ လီဗာပူး(လ်)ကို ထိန်းချုပ်ဖို့အတွက် ကွင်းလယ်အဖျက်နေရာမှာ မက်ခီလီလီနဲ့ မိုက်ကယ်ဘောလက်တို့ကို ထားပြီးကစားသွားခဲ့ပါတယ်... အထောင်တိုက်စစ်မှူး ဒရော့ဘာရဲ့နောက်မှာ လမ်းပတ်ကို link man နေရာထားကစားစေခဲ့ပါတယ်... လမ်းပတ်ဟာ ပွဲပြီးတဲ့အထိ အဲဒီနေရာနဲ့ အံမဝင်သလောက်ပါပဲ... တစ်ပွဲလုံး မတွေ့ရသလောက်ပါပဲ... လီဗာပူး(လ်)တိုက်စစ်မှူး တောရက်(စ်) ကိုတော့ ချယ်(လ်)ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီ ကို လူကပ်ပြီး ထိန်းချုပ်စေခဲ့ပါတယ်... ဒီပွဲမှာ ချယ်(လ်)ဆီးဘက်က ဂိုးသမား ပီတာဆက်(ခ်ျ) အတော်လေး လက်စွမ်းပြလိုက်ရပါတယ်... သူသာ မပါခဲ့ရင် ချယ်(လ်)ဆီး အသင်း ဂိုးပြတ် ရှုံးသွားနိုင်ပါတယ်... တောရက် မိနစ် ၃၀ လောက်မှာ ပီတာဆက်(ခ်ျ)နဲ့ တစ်ယောက်ချင်းတွေ့တာ မဂိုးလို့ပေါ့... ဂိုးများသွားရင် ဒီပွဲဟာ ဂိုးပြတ်သွားနိုင်ချေရှိပါတယ်... ၄၃ မိနစ်မှာတော့ လစ်ဗာပူး(လ်)တို့ ဂိုးစရပါတယ်... ဒီဂိုးဟာ ဘောလက်ဆီက ဘောလုံးကို ကူရစ်ကရယူပြီး သွင်းသွားနိုင်တာ ဖြစ်ပါတယ်... ချယ်(လ်)ဆီးအသင်းဟာ အန်ဖီး(လ်)မှာ မရှုံးဖို့အတွက် ဂိုးရှေ့ ၁၈ ဂိုက်စည်းထဲအထိ ဘောလုံးကို အရောက်မခံဘဲ ဖျက်ထုတ်နေရင်းက ဂိုးသွားတာပါ... ကွင်းလယ်မှာဆိုရင် ဘောလုံးကို ချယ်(လ်)ဆီးကစားသမား နှစ်ယောက် သုံးယောက် လောက်က လိုက်ဖျက်ထုတ်နေရင်းနဲ့ ပေးလိုက်ရတဲ့ဂိုးပါ... ဒရော့ဘာကလည်း တစ်ပွဲလုံးရနိုင်တဲ့ ဂိုးတွေကို ဖြုန်းတီးပါတယ်... ဒုတိယပိုင်းမှာလည်း လီဗာပူး(လ်)ကသာ ဖိထားတာပါ... ၅၄ မိနစ်မှာ ဘာဘယ်(လ်)ကန်တဲ့ ဘောလုံးကိုလည်း ပီတာဆက်(ခ်ျ)ဟာ အကောင်းဆုံး ကာကွယ်သွားနိုင်ပါတယ်... လီဗာပူး(လ်)ဂိုးသမား ရေနာ ကတော့ တစ်ပွဲလုံး မဖမ်းရသလောက်ပါပဲ... အချိန်ပို ၉၀+၄ မိနစ်မှာတော့ လီဗာပူး(လ်)ဘက်က ရစ်စီက ဘောလုံးကို ခေါင်းတိုက်ဖျက်ထုတ်ရင်းနဲ့ ကိုယ့်ဂိုးကို သွင်းမိသွားပါတယ်... ဒီပွဲဟာ ဖရန့်လမ်းပတ်ရဲ့ ချန်ပီယံလိဂ် ပွဲ ၅၀ ပြည့်ပွဲ ဖြစ်ပါတယ်... ချန်ပီယံလိဂ်မှာ လီဗာပူး(လ်) နဲ့ ချယ်(လ်)ဆီး တို့ရဲ့ ခုနှစ်ကြိမ်မြောက်တွေ့ဆုံမှုဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့် အန်ဖီးကွင်းမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ပွဲဖြစ်ပါတယ်....


ပါဝင်ကစားကြသူများ

လီဗာပူး(လ်) (၄-၂-၃-၁)

ရေနာ၊ အာဘီလိုအာ၊ ကာရေဂါ၊ စကာတယ်၊ အော်ရယ်လီယို(ရစ်ဆီ ၆၁')၊ အလွန်ဆို၊ မာရှေရာနို၊ ကူရစ်၊ ဂျရတ်၊ ဘာဘယ်(လ်)(ဘီနာယောင် ၇၅')၊ တောရက်(စ်)

Unused subs: အိုင်တန်ဂျီ၊ ဟစ်ပီယာ၊ လူးကပ်(စ်)၊ ပင်းနန့်၊ ခရော့(ခ်ျ)

မန်နေဂျာ

ရာဖေ ဘင်နီတက်(ဖ်)


ချယ်(လ်)ဆီး (၄-၃-၃)

ပီတာဆက်(ခ်ျ)၊ ဖာရဲရား၊ ကာဗယ်(လ်)ဟို၊ ဂျွန်တယ်ရီ၊ အက်(ရှ)လေကိုး၊ ဘောလက်(အနယ်(လ်)ကာ ၈၅')၊ မက်ခီလီလီ၊ လမ်းပတ်၊ ဂျိုကိုး(ကာလူး ၆၂')၊ ဒရော့ဘာ၊ မာလူဒါ

Unused subs: ဟီလာရီယို၊ ဘယ်(လ်)လက်တီ၊ အဲလက်(စ်)၊ မီခေး(လ်)၊ ရှက်(ဗ်)ချင်ကို

မန်နေဂျာ

အေဗရာ ဂရန့်


ဒိုင်လူကြီး

ကွန်နယ် ပလောက်(ဇ်)(သြစတြေးလျ)



ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အကြို သူတို့ စကားသံများ(၂)

ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဒရော့ဘာကတော့ သူ့အသင်းဟာ လစ်ဗာပူးလ် ကို ကြောက်စရာ ဘာအကြောင်းမှ မရှိဘူးလို့ ပြောပါတယ်... ဒီနှစ်သင်းဟာ ချန်ပီယံလိဂ်မှာ ပြီးခဲ့တဲ့လေးနှစ်အတွင်း ၃ ကြိမ်မြောက် တွေ့ဆုံတာ ဖြစ်ပါတယ်... "သူတို့နဲ့ပတ်သက်ပြီး နည်းနည်းလေးမှ မစိုးရိမ်မိဘူး" လို့ ဒရော့ဘာက The Sun သတင်းစာ ကို ပြောပါတယ်... သူတို့အသင်းဟာ ကျွန်တော်တို့ကို ပြီးခဲ့တဲ့နှစ် ဆီမီးဖိုင်နယ် တွေ မှာ နှစ်ကြိမ် နိုင်ပြီးပါပြီ... အခု ချယ်လ်ဆီး အသင်းကတော့ အန်းဖီးလ် မှာတောင် နိုင်အောင်ကစားနိုင်တဲ့အသင်းပါလို့ လည်း ပြောခဲ့ပါတယ်...
လီဗာပူးအသင်းခေါင်းဆောင် စတီဗင်ဂျရတ်ကတော့ သူ့အသင်းဟာ ချယ်လ်ဆီးကို သုံးကြိမ်မြောက် ဖြုတ်ချနိုင်တယ်လို့ ယုံကြည်နေပါတယ်... သူ့အသင်းရဲ့ အောင်မြင်အောင်လုပ်ဆောင်နိုင်စွမ်းကိုလည်း ယုံကြည်တယ်လို့ ဆိုပါတယ်... သူက ချယ်လ်ဆီးကွင်း စတန်းဖို့ဒ် ဘရစ်ခ်ျ နဲ့ ပတ်သက်ပြီးတော့လည်း " ဒီကွင်းဟာ သူတို့ကို နည်းနည်းလေးမှ ကြောက်လန့်စေမှာ မဟုတ်ဘူး... ဒီကွင်းကို သူတို့ရဲ့ အလုပ်ကို အောင်မြင်မှုနဲ့ အဆုံးသတ်ရအောင် သွားမယ် " လို့ ပြောကြားခဲ့ပါတယ်...

April 21, 2008

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အကြို သူတို့ စကားသံများ

ဘာစီလိုနာစတား လီယိုနယ်မက်ဆီကတော့ မန်ယူနဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်… ဒီအာဂျင်တီးနားသားလေးဟာ ဒူးဒဏ်ရာကြောင့် ငါးပတ်လောက် နားနေရာကနေ ပြီးခဲ့တဲ့ စနေ အက်စ်ပန်ညိုနဲ့ သရေကျတဲ့ပွဲမှာ သူဟာ ဒုတိယပိုင်းမှာ ပါဝင်ကစားခဲ့ပါတယ်… သူက "ပရိတ်သတ်တွေကတော့ ကျွန်တော်ဘာလုပ်နိုင်တယ်ဆိုတာကို ပြသဖို့အတွက် စောင့်မျှော်နေကြပါပြီ" လို့ စပိန်မီဒီယာတွေကို ပြောကြားခဲ့ပါတယ်… သူဟာ မန်ယူတောင်ပံကစားသမား စီရိုနယ်ဒို နဲ့ပတ်သက်ပြီး "သူကတော့ ဂရိတ်ပလေယာတစ်ယောက်ပါ… ဒါကိုပြီးခဲ့တဲ့ရာသီမှာလည်း ပြသခဲ့ပါတယ်… အခုရာသီမှာလည်း သူရဲ့သွင်းဂိုးတွေနဲ့ ပြသနေဆဲဖြစ်ပါတယ်… ဒါပေမယ့် ဒီပွဲက မန်ယူနဲ့ ဘာစီလိုနာ တို့ရဲ့ပြိုင်ပွဲပါ… သူနဲ့ ကျွန်တော့်ကြားက ပြိုင်ပွဲမဟုတ်ပါဘူး… ဒါဟာ အသင်းကြီးနှစ်သင်းရဲ့ ပြိုင်ပွဲပါ" ဆိုပြီး ပြောကြားခဲ့ပါတယ်။ပေါ်တူဂီစတားစီရိုနယ်ဒိုကတော့ မန်ယူအသင်းဟာ အကောင်းဆုံးအသင်းဆိုတာ သက်သေပြဖို့အတွက် ဘာစီလိုနာအသင်းကို အနိုင်ယူဖို့အတွက် ပစ်မှတ်ထားနေပါတယ်… ဒီရာသီမှာဆိုရင် ပြိုင်ပွဲအမျိုးမျိုးမှာ သွင်းဂိုး ၃၈ ဂိုး ထိ သွင်းယူထားနိုင်ပါတယ်… သူက "ဒီအဆင့်မှာဆိုရင် ဘယ်ပွဲကမှ မလွယ်ကူပါဘူး… ဘာမဆိုဖြစ်လာနိုင်ပါတယ်… ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ နူးကမ့်ကွင်းမှာ အကောင်းဆုံးရလဒ်ရဖို့ပါပဲ" လို့ ပြောကြားခဲ့ပါတယ်…

April 10, 2008

Champion League ကွာတားဖိုင်နယ် ဒုတိယအကျော့ရလဒ်များ

ချယ်(လ်)ဆီး ၂ - ၀ ဖီနာဘာချီ

( (၄' ဘောလက်)၊ လမ်းပတ်(၈၇') )

နှစ်ကျော့ပေါင်း ၃ ဂိုး ၂ ဂိုးဖြင့် ချယ်(လ်)ဆီး ဆီမီးဖိုင်နယ်တက်

လီဗာပူး(လ်) ၄ - ၂ အာဆင်နယ်

( ဟစ်ပီယာ(၁၃')၊ တောရက်(စ်)(၆၉')၊ ဂျာရတ်(၈၅')၊ ဘာဘယ်(လ်)(၉၀')၊ ဒီယာဘီ(၁၃')၊ အဒီဘာယော(၈၄') )

နှစ်ကျော့ပေါင်း ၅ ဂိုး ၃ ဂိုးဖြင့် လီဗာပူး(လ်) ဆီမီးဖိုင်နယ် တက်

မန်ယူ ၁ - ၀ ရိုးမား

( တီဗက်(၇၀') )
နှစ်ကျော့ပေါင်း ၃ ဂိုး ၀ ဂိုးဖြင့် မန်ယူ ဆီမီးဖိုင်နယ် တက်

ဘာစီလိုနာ ၁ - ၀ ရှော်(လ်)ကေ
( တိုရေး(၄၃') )
နှစ်ကျော့ပေါင်း ၂ ဂိုး ၀ ဂိုးဖြင့် ဘာစီလိုနာ ဆီမီးဖိုင်နယ် တက်

ဆီမီးဖိုင်နယ်တွင် မန်ယူ အသင်းမှာ ဘာစီလိုနာ အသင်းဖြင့် လည်းကောင်း၊ ချယ်(လ်)ဆီး အသင်းမှာ လီဗာပူး(လ်) အသင်းဖြင့် လည်းကောင်း ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

April 9, 2008

Champion League ကွာတားဖိုင်နယ် ပထမအကျော့ရလဒ်များ

ဖီနာဘာချီ - ၁ ချယ်(လ်)ဆီး

အာဆင်နယ် ၁ - ၁ လီဗာပူး(လ်)

April 1, 2008

Champion League ကွာတားဖိုင်နယ် ပထမအကျော့ရလဒ်များ

ရိုးမား - ၂ မန်ယူ
( စီရိုနယ်ဒို(၃၉')၊ ရွန်းနီ(၆၆') )
ရှော်လ်ကေ ၀ - ၁ ဘာစီလိုနာ
( ကာကစ်(၁၁') )