April 22, 2008

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အကြို သူတို့ စကားသံများ(၂)

ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဒရော့ဘာကတော့ သူ့အသင်းဟာ လစ်ဗာပူးလ် ကို ကြောက်စရာ ဘာအကြောင်းမှ မရှိဘူးလို့ ပြောပါတယ်... ဒီနှစ်သင်းဟာ ချန်ပီယံလိဂ်မှာ ပြီးခဲ့တဲ့လေးနှစ်အတွင်း ၃ ကြိမ်မြောက် တွေ့ဆုံတာ ဖြစ်ပါတယ်... "သူတို့နဲ့ပတ်သက်ပြီး နည်းနည်းလေးမှ မစိုးရိမ်မိဘူး" လို့ ဒရော့ဘာက The Sun သတင်းစာ ကို ပြောပါတယ်... သူတို့အသင်းဟာ ကျွန်တော်တို့ကို ပြီးခဲ့တဲ့နှစ် ဆီမီးဖိုင်နယ် တွေ မှာ နှစ်ကြိမ် နိုင်ပြီးပါပြီ... အခု ချယ်လ်ဆီး အသင်းကတော့ အန်းဖီးလ် မှာတောင် နိုင်အောင်ကစားနိုင်တဲ့အသင်းပါလို့ လည်း ပြောခဲ့ပါတယ်...
လီဗာပူးအသင်းခေါင်းဆောင် စတီဗင်ဂျရတ်ကတော့ သူ့အသင်းဟာ ချယ်လ်ဆီးကို သုံးကြိမ်မြောက် ဖြုတ်ချနိုင်တယ်လို့ ယုံကြည်နေပါတယ်... သူ့အသင်းရဲ့ အောင်မြင်အောင်လုပ်ဆောင်နိုင်စွမ်းကိုလည်း ယုံကြည်တယ်လို့ ဆိုပါတယ်... သူက ချယ်လ်ဆီးကွင်း စတန်းဖို့ဒ် ဘရစ်ခ်ျ နဲ့ ပတ်သက်ပြီးတော့လည်း " ဒီကွင်းဟာ သူတို့ကို နည်းနည်းလေးမှ ကြောက်လန့်စေမှာ မဟုတ်ဘူး... ဒီကွင်းကို သူတို့ရဲ့ အလုပ်ကို အောင်မြင်မှုနဲ့ အဆုံးသတ်ရအောင် သွားမယ် " လို့ ပြောကြားခဲ့ပါတယ်...

No comments:

Post a Comment