June 19, 2008

ယူရို၂၀၀၈ ကွာတားဖိုင်နယ်ပွဲစဉ် ရလဒ်များ


ပေါ်တူဂီ ၂ - ၃ ဂျာမနီ

(ရှဝိန်းစတိုင်ဂါ(၂၂')၊ ကလိုဆေး(၂၆')၊ ဘောလက်(၆၁')၊ နူနိုဂိုမက်(၄၀')၊ ပိုစတီဂါ(၈၇'))

အကောင်းဆုံးကစားသမားဆု - ရှဝိန်းစတိုင်ဂါ


ယူရို ၂၀၀၈ ကွာတားဖိုင်နယ် ပွဲစဉ်များ


ကြာသပတေးနေ့ -     ဂျာမနီ နှင့် ပေါ်တူဂီ

သောကြာနေ့      -     ခရိုးအေးရှား နှင့် တူရကီ

စနေနေ့            -     ဟော်လန် နှင့် ရုရှား

တနင်္ဂနွေနေ့   -        စပိန် နှင့် အီတလီ

ယူရို၂၀၀၈ အုပ်စုပွဲစဉ် ရလဒ်များ


ဂရိ ၁ - ၂ စပိန်

(ဟာရစ်စတေ့စ်(၄၂')၊ ဒီလာရက်(၆၁') ဂွီဇာ(၈၈'))

 

ရုရှား ၂ - ၀ ဆွီဒင်

(ပက်ဗလျူချင်ကို(၂၄')၊ အာရှာဗင်(၅၀'))

June 17, 2008

ယူရို ၂၀၀၈ အုပ်စု ပွဲစဉ် ရလဒ်များ


ပြင်သစ် ၀ - ၂ အီတလီ

(ပီယာလို(၂၅')(ပယ်နယ်တီ)၊ ဒီရော့ဆီ(၆၂'))

ဟော်လန် ၂ - ၀ ရိုမေးနီးယား

(ဟန်တယ်လား(၅၄')၊ ဗန်ပါစီ(၈၇'))



June 16, 2008

ယူရို ၂၀၀၈ အုပ်စုပွဲစဉ် ရလဒ်များ


သြစတြီးယား ၀ - ၁ ဂျာမနီ

(ဘောလက်(၄၉'))

 

ပိုလန် ၀ - ၁ ခရိုအေးရှား

(ကလာစနစ်(၅၂'))



June 15, 2008

ယူရို ၂၀၀၈ အုပ်စုပွဲစဉ် ရလဒ်များ

ဆွစ်ဇာလန် ၂ - ၀ ပေါ်တူဂီ
(ယာကင်(၇၁'၊ ၈၃'(ပယ်နယ်တီ))
တူရကီ ၃ - ချက် ၂
(ယန်ခိုလာ(၃၄')၊ ပလာဆေး(လ်)(၆၂')၊ တူရန်(၇၅')၊ ကာဗီဆီ(၈၇'၊ ၈၉'))

ယူရို ၂၀၀၈ အုပ်စုပွဲစဉ် ရလဒ်များ


ဆွီဒင် ၁ - ၂ စပိန်

(တောရက်(စ်)(၁၅')၊ အီဗရာဟီမိုဗစ်(၃၄')၊ ဒေးဗစ်ဗီလာ(၉၀'))

 

ဂရိ ၀ - ၁ ရုရှား

(ဇီရီယန်နော့(ဗ)(၃၃'))

ယူရို ၂၀၀၈ အုပ်စုပွဲစဉ် ရလဒ်များ



အီတလီ ၁ - ၁ ရိုမေးနီးယား

(မူတူး(၅၅')၊ ပါနူချီ(၅၆'))

 

ဟော်လန် ၄ - ၁ ပြင်သစ်

(ကူရစ်(၁၀')၊ ဗန်ပါစီ(၅၉')၊ အွန်နရီ(၇၁')၊ ရော်ဘင်(၇၂')၊ ဆနိုင်ဒါ(၉၀'))

June 12, 2008

ယူရို၂၀၀၈ အုပ်စုပွဲစဉ် ရလဒ်များ


သြစတြီးယား ၁ - ၁ ပိုလန်

(ဂွီရဲရီးယိုး(၃၀')၊ ဗက်စတစ်(၉၀')(ပယ်နယ်တီ))



ယူရို ၂၀၀၈ အုပ်စုပွဲစဉ်ရလဒ်များ


ခရိုအေးရှား ၂ - ၁ ဂျာမနီ

(ဆာနာ(၂၄')၊ အိုလစ်(၆၂')၊ ပိုဒေါစကီး(၇၉'))



ယူရို ၂၀၀၈ အုပ်စုပွဲစဉ်ရလဒ်များ


ချက် ၁ - ၃ ပေါ်တူဂီ

(ဒေကို(၈')၊ စီရိုနယ်ဒို(၆၃)၊ ကွာရက်စ်မာ(၉၀')၊ စီရွန်ကို(၁၇'))

 

 

ဆွစ်ဇာလန် ၁ - ၂ တူရကီ

(ယာကင်(၃၂')၊ ဆန်တက်ဒ်(၅၇')၊ တူအာလန်(၉၀'))

June 11, 2008

ယူရို ၂၀၀၈ အုပ်စုပွဲစဉ် ရလဒ်များ


ရိုမေးနီးယား ၀ - ၀ ပြင်သစ်

 

 

ဟော်လန် ၃ - ၀ အီတလီ

(နစ္စတယ်ရွိုင်း(၂၆')၊ ဆနိုက်ဒါ(၃၂')၊ ဗန်ဘရွန်ခရော့(စ်)(၇၉'))

 

 

စပိန် ၄ - ၁ ရုရှား

(ဒေးဗစ်ဗီလာ(၂၀'၊ ၄၄'၊ ၇၅')၊ ဖာဘရီဂတ်(စ်)(၉၀')၊ ဗက်လျူချင်ကို(၈၆'))

 

 

 

ဂရိ ၀ - ၂ ဆွီဒင်

(အီဗရာဟီမိုဗစ်(၆၇')၊ ဟန်နန်(၇၂'))



June 9, 2008

ယူရို ၂၀၀၈ ရလဒ်များ


ပေါ်တူဂီ ၂ - ၀ တူရကီ

(ပီပီ(၆၁')၊ မေရီလဲစ်(၉၀'))

 

ဆွစ်ဇာလန် ၀ - ၁ ချက်

(ဆဗန်ကော့်(စ်)(၇၀'))

 

သြစတြေးလျ ၀ - ၁ ခရိုအေးရှား

(မိုဒရစ်(၄')(ပယ်နယ်တီ))

 

ဂျာမနီ ၂ - ၀ ပိုလန်

(ပိုဒေါစကီး(၂၀'၊ ၇၂'))

 


June 8, 2008

၂၀၀၇ ခုနှစ် မြန်မာနိုင်ငံ အကောင်းဆုံး အားကစားသမားဆု


မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ၁၀ သိန်း နှင့် မြန်မာနိုင်ငံအားကစားကလောင်ရှင်များအသင်း ၁၀ သိန်း တို့မှ ၂၀၀၇ ခုနှစ်အတွက် ရွေးချယ်သော အမျိုးသား အကောင်းဆုံး အားကစားသမားဆုကို ဘုန်းမြင့်တေဇာ နှင့် အမျိုးသမီး အကောင်းဆုံး အားကစားသမားဆုကို စိုးစိုးမြာ တို့မှ ရရှိသွားပါတယ်။ သူတို့ကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ မှ ငွေကျပ် ၁၀ သိန်း နှင့် မြန်မာနိုင်ငံအားကစားကလောင်ရှင်များအသင်းမှ ငွေကျပ် ၁၀ သိန်း ချီးမြှင့်ခဲ့ပါတယ်။

အထူးဆုများကိုတော့ အောင်စည်သူ(ဝူရှူး)၊ မောင်ကြူး(သေနတ်ပစ်)၊ နော်အားအယ်လာရှီး(လှေလှော်) တို့မှ ရရှိသွားပြီး ဂုဏ်ပြုဆုငွေ ၄ သိန်းစီ ချီးမြှင့်ခဲ့ပါတယ်။

အကောင်းဆုံးအားကစားသမားဆု စတင်ချီးမြှင့်သည့် ၁၉၅၅ နှင့် ၁၉၅၆ တွင် ဗဟာဒူး က ရရှိခဲ့ပါတယ်။

၁၉၉၄ နောက်ပိုင်း တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုရရှိခဲ့သူများ

၁၉၉၄ - သန်းတိုးအောင်(ဘောလုံး)၊ ဝင်းဝင်းမာ(အလေးမ)

၁၉၉၅ - မြင့်စိုး(သေနတ်ပစ်)၊ ခင်ခင်ထွေး(ပြေးခုန်ပစ်)

၂၀၀၃ - အောင်လင်း(လှေလှော်)၊ ခိုင်ခိုင်မော်(ဝူရှူး)

၂၀၀၄ - စိုးမြတ်မင်း(ဘောလုံး)၊ ဆွေဆွေသန့်(ဝူရှူး)

၂၀၀၅ - အောင်ချိုမြင့်(ပိုက်ကျော်ခြင်း)၊ ယဉ်ယဉ်ခိုင်(ပြေးခုန်ပစ်)

၂၀၀၆ - အောင်ဆန်းဦး(ဘိလိယက်)၊ ရာသက်ပန်(အလေးမ)

June 4, 2008

သတင်းလူသား မော်ရင်ဟို

ဘောလုံးစပယ်ရှယ်ဝမ်း ချယ်(လ်)ဆီးနည်းပြဟောင်း မော်ရင်ဟို တစ်ယောက် စီးရီးအေ ကလပ် အင်တာမီလန် ကို ရောက်ရှိသွားပါပြီး… သူဟာ အင်တာ ကလပ်နဲ့ သုံးနှစ်စာချုပ် ချုပ်ဆိုလိုက်တယ်လို့ သိရပါတယ်… အသင်းဟောင်း ချယ်(လ်)ဆီးအသင်းက ကစားသမားတွေဖြစ်တဲ့ လမ်းပတ်၊ ဒရော့ဘာ၊ ကာဗယ်(လ်)ဟို နဲ့ အက်ဆီယန် တို့ကို အင်တာကို ခေါ်ယူချင်တယ်လို့ သိရပါတယ်…

နာဂစ်မုန်တိုင်းနှင့် အလှူဒါန

နာဂစ်ဝင်လိုက်တာနဲ့ ဘလော့ဂ် ရေးချင်စိတ်တွေ သိပ်မရှိတာနဲ့ ပို့(စ်) မတင်ဖြစ်တာပါ... နာဂစ်မုန်တိုင်းနဲ့ ပတ်သက်ပြီး လှူဒါန်းချင်ရင် ကိုညီလင်းဆက် တို့ အဖွဲ့ နဲ့ ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်... လိပ်စာကတော့ http://nyilynnseck.blogspot.com ပါ... ဒီနာဂစ်မုန်တိုင်းကြီးဟာ မြန်မာနိုင်ငံထဲကို မေလ ၂ ရက်နေ့ မှာ ဝင်လာပါတယ်... မေလ ၃ ရက်နေ့ ကတော့ မုန်တိုင်း အပြင်းထန်ဆုံးပါ... မုန်တိုင်းလာမယ်ဆိုတာကို နိုင်ငံခြားကလူတွေက အတော်စိုးရိမ်နေကြပေမယ့် ကျွန်တော်တို့ ဗမာလူမျိုးတွေကတော့ အေးအေးဆေးဆေးပါပဲ... အတော်များများကတော့ မုန်တိုင်းရှိမှန်းတောင် မသိကြပါဘူး... ဖြစ်မယ့် နေ့မှ သိကြတဲ့ လူတွေ များပါတယ်...information spread ဖြစ်မှုများ… ဖြစ်ပြီးတော့လည်း အကူအညီတွေက အရမ်းရ... မုန်တိုင်းတိုက်ပြီးစ လမ်းတွေပိတ်နေချိန်မှာ ကိုယ့်အိမ်ကိုယ်ရှင်း ကိုယ့်လမ်းကိုယ်ရှင်း ပါပဲ... ဘယ် စစ်သား ဘယ် ရဲ ဘယ် စည်ပင် ကမှ လာပြီး မရှင်းပေးပါဘူး... ဈေးတက်ချက်ကတော့ ကမ်းကုန်ပဲ... အဲဒီအချိန် ပိုက်ဆံမရှိတဲ့သူတွေ ဘယ်လို နေရမှန်းတောင် သိမှာ မဟုတ်ဘူး... အခုတော့ ဈေးက အတော် ငြိမ် နေပါတယ်... နိုင်ငံခြားကလူတွေက လှူချင်တာတောင် ခခယယနဲ့ လှူနေရတယ်... ကျွန်တော်တို့ အကူအညီပေးပါရစေ ဆိုပြီးတော့... ဒါတောင် သိပ်လက်မခံချင်ဘူး... UN ဝင်လာလို့သာ လက်ခံတာ... အခု မုန်တိုင်းဒဏ်မိသွားတဲ့ ဧရာဝတီတိုင်းက ရွာတွေကလူတွေဆို တော်တော်လေးကို ဒုက္ခကြီးမယ်... စားစရာကမရှိ... နေစရာက နတ္ထိ... အစိုးရကတော့ လှူနေတယ်လို့တော့ ပြောနေတာပဲ... ဒါပေမယ့် ဒုက္ခသည်တွေဆီက တကယ်ရောက်မရောက်တော့ မသိပါဘူး... သိသလောက်ကတော့ ဝိုက် မှာပါပဲ... ဒုက္ခသည်တစ်ချို့ဆိုရင် တောင်းတောင် စားနေရတဲ့ဘဝတွေ ရောက်နေတယ်လို့ သိရပါတယ်… ကျွန်တော်တို့ မြန်မာလူမျိုးဆိုတာ တောင်းစားရမှာ အင်မတန်ရှက်တဲ့ လူမျိုးတွေပါ… အခုတော့ အင်မတန်ရှက်တဲ့ အလုပ်တွေက လုပ်နေရပါပြီ… တစ်ဆင့်စကားနဲ့ ကြားရတာကတော့ လူတစ်ယောက် မုန်တိုင်းဖြစ်ပြီးစ လပ်ပွတ်တာ ဘက်ကို ဆွေမျိုးတွေအကြောင်းသွားစုံစမ်းတာ လမ်းမှာ အင်္ကျီမပါတဲ့ လူကြီးတစ်ယောက်နဲ့ ကလေးတစ်ယောက်ကို လဘက်ရည်ဆိုင်တစ်ဆိုင်ရဲ့ ရှေ့နားမှာ တွေ့တယ်တဲ့… သူတို့က လဘက်ရည်ဆိုင်လေးကို ငေးကြည့်ပြီးတော့ ထိုင်နေကြတာတဲ့… သူတို့ ပုံစံက ဗိုက်အတော်လေး ဆာနေပုံတဲ့ဗျာ… ဒါပေမယ့် ဆိုင်ထဲကို ဝင်ပြီးတော့ တောင်းမစားပါဘူး… အဲဒါ ဆွေမျိုးတွေ သွားစုံစမ်းတဲ့လူလည်း သူ့ရဲ့အင်္ကျီကို ချွတ်ပြီး လှူခဲ့တယ် လို့ ဆိုပါတယ်… နိုင်ငံခြားက လှူတဲ့ ဒေါ်လာ သန်းပေါင်းများစွာတန် အကူအညီပစ္စည်းတွေဟာ ဘယ်ရောက်ကုန်ပါလိမ့် လို့ စဉ်းစားမိပါတယ်… ဒီအချိန်မှာတော့ ဟိုနိုင်ငံက အကူအညီ လက်မခံတာတို့၊ ဒီနိုင်ငံက အကူအညီမှ လက်ခံမယ် ဆိုတာမျိုးတွေတော့ မလုပ်သင့်တော့ပါဘူး… ကိုယ့်နိုင်ငံကို ကူညီနိုင်မယ်ဆိုရင် ပြီးတာပါပဲ… ဘယ်သူပဲဖြစ်ဖြစ်ပေါ့ဗျာ… စာနာစိတ်နဲ့ ကူညီတာပဲ… မုန်တိုင်းပြီးလို့ ထိုက်သင့်တဲ့ ကယ်ဆယ်ရေးတွေ မလုပ်နိုင်လို့လည်း တစ်ချို့လူတွေ မသေသင့်ဘဲ သေရပါတယ်… ဒီအလှူတွေကို လက်မခံတာလည်း အကုသိုလ် ကြီးပါတယ်… အလှူပစ္စည်းတွေကို ဝိုက် တာလည်း အကုသိုလ် ကြီးပါတယ်… ဒါကြောင့် ကိုယ်လှူတဲ့ အလှူ တကယ် ဒါန မြောက်အောင်လို့ ဒီ ဘလော့ဂ် လေးကို ညွှန်ပြလိုက်တာပါ... အတော်များများကတော့ သူ့ရဲ့ ဘလော့ဂ် ကို သိပြီးသား ဖြစ်မှာပါ... မုန်တိုင်းတိုက်လို့ ဒုက္ခရောက်နေရတဲ့ကြားထဲ မဲ သွားပေးရသေးတယ်... မဲ ကတော့ ကျွန်တော်တို့ မပေးခင်ကတည်းက ၉၂.၄ % ထောက်ခံမဲလို့ ကြေငြာထားတော့ သွား ပေး ပေး မ ပေး ပေး သိပ်တော့ မထူးပါဘူး... အခု နောက်ဆုံး မဲ စာရင်း ထုတ်ပြန်တာကတော့ ထောက်ခံမဲ ၉၂.၄၈ % လို့ ဆိုပါတယ်... ချည်ပြီး တုတ်ပြီး ပေါ့ဗျာ...