June 25, 2012
မြန်မာ U22 နှင့် ဗီယက်နမ်
December 14, 2008
အီတိုး မက်ဆီ တို့၏ သွင်းဂိုးများနှင့် ရီးရဲမက်ဒရစ်အား ဘာစီလိုနာ အနိုင်ရရှိခြင်း
ကင်မရွန်းသား ဆင်မြူရယ် အီတိုးရဲ့ ၈၃ မိနစ် သွင်းဂိုးနှင့် အတူ ရီးရဲမက်ဒရစ် နည်းပြကြီး ရာမို့စ် ရဲ့ ပထမဆုံးပွဲဟာ ရှုံးနိမ့်မှုနဲ့ အစပြုခဲ့ရပါတယ်… မိနစ် ၇၀ မှာ ရရှိတဲ့ ပင်နယ်တီ လွဲချော်ခဲ့ပေမယ့်လည်း အီတိုးဟာ ဒီပွဲရဲ့ အဆုံးအဖြတ် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်… အဲဒီနောက် မှာ မိနစ် ၉၀ မက်ဆီရဲ့ သွင်းဂိုးနဲ့ အတူ ရီးရဲ ပူပူနွေးနွေး နည်းပြကြီးဟာ အရှုံးနဲ့ ရင်ဆိုင်သွားရတာ ဖြစ်ပါတယ်….
November 28, 2008
ပရိသတ်များအား လက်ဆောင်ပေးရန် အီဗရာ ဆန္ဒရှိ
ဂျိုးကင်နီယာအား ရာသီကုန်အထိ နယူးကာဆယ်အသင်း ခန့်အပ်
September 7, 2008
ချယ်(လ်)ဆီးလူနာသစ် အက်ဆီယန်

ချယ်(လ်)ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား မိုက်ကယ်အက်ဆီယန်ဟာ သူရဲ့ မိခင်နိုင်ငံ ဂါနာအသင်းနဲ့ အတူ ၂၀၁၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲဝင်ရင်း ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပါတယ်… လစ်ဗျားအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ပွဲမှာ သူဟာ ဒီဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပါတယ်… ဒီသတင်းဟာ လူနာစာရင်းတွေ များပြားနေတဲ့ ချယ်(လ်)ဆီးအသင်းအတွက်တော့ အတော်ကြီးမားတဲ့ ထိုးနှက်ချက်ပဲ ဖြစ်ပါတယ်…
ခန့်မှန်းချက်တွေအရ လေးပတ်လောက်အထိ နားရမယ်လို့ သိရပြီး စက်တင်ဘာ၂၁ ရက်နေ့မှာ ကစားရမယ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်… ချယ်(လ်)ဆီးအသင်းရဲ့ ဆေးအဖွဲ့ကတော့ ဒီအပတ်ထဲမှာ အက်ဆီယန်ရဲ့ ဒဏ်ရာကို စစ်ဆေးကြည့်ရှုမှာ ဖြစ်ပါတယ်… အက်ဆီယန်ကတော့ သူ့ဒဏ်ရာနဲ့ ပတ်သက်ပြီး ‘ ဒီဒဏ်ရာက ပြင်းထန်ပါတယ်… ဒါပေမယ့် ကျွန်တော် မကြာခင်မှာ အဆင်သင့်ဖြစ်မှာပါ ’ လို့ စကိုင်းစပေါ့ ဒေါ့ ကွန်း ကို ပြောကြားခဲ့ပါတယ်…
September 1, 2008
ဘာဘာတော့(ဗ်) မန်ယူသို့ ရောက်ပြီ
မန်စီးတီးအသင်းသို့ ရော်ဘင်ဟို ပြောင်းရွှေ့ပြီ
အင်္ဂလန်ကလပ် မန်ချက်စတာယူနိုက်အသင်းက ရီးရဲက ရော်ဘင်ဟိုကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၂.၅ မီလျံ နဲ့ စာချုပ်ချုပ်လိုက်ပြီလို့ အတည်ပြုခဲ့ပါတယ်…ဒီဘရားဇီးသားဟာ ရီးရဲမက်ဒရစ် နဲ့ စာချုပ်သစ်ထပ်မချုပ်ဖြစ်ပြီးတော့နောက်မှာ ရီးရဲကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်တာလို့ ယူဆရပါတယ်.. သူဟာ ချယ်(လ်)ဆီး အသင်းကို ပြောင်းချင်တယ်လို့ ပြောကြားခဲ့ပြီးမှ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ကို လက်ခံခဲ့တာလည်း ဖြစ်ပါတယ်… မက်ဒရစ်မြို့မှာ တနင်္ဂနွေနေ့တုန်းက ကျင်းပခဲ့တဲ့ ကလပ်သတင်းစာရှင်းလင်းပွဲမှာတော့ ချယ်(လ်)ဆီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် ရီးရဲမက်ဒရစ်ကနေ ထွက်ခွာချင်တယ်လို့ ပြောကြားခဲ့ပါတယ်..