Showing posts with label Football. Show all posts
Showing posts with label Football. Show all posts

September 7, 2008

ချယ်(လ်)ဆီးလူနာသစ် အက်ဆီယန်


ချယ်(လ်)ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား မိုက်ကယ်အက်ဆီယန်ဟာ သူရဲ့ မိခင်နိုင်ငံ ဂါနာအသင်းနဲ့ အတူ ၂၀၁၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲဝင်ရင်း ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပါတယ်… လစ်ဗျားအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ပွဲမှာ သူဟာ ဒီဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပါတယ်… ဒီသတင်းဟာ လူနာစာရင်းတွေ များပြားနေတဲ့ ချယ်(လ်)ဆီးအသင်းအတွက်တော့ အတော်ကြီးမားတဲ့ ထိုးနှက်ချက်ပဲ ဖြစ်ပါတယ်…
ခန့်မှန်းချက်တွေအရ လေးပတ်လောက်အထိ နားရမယ်လို့ သိရပြီး စက်တင်ဘာ၂၁ ရက်နေ့မှာ ကစားရမယ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်… ချယ်(လ်)ဆီးအသင်းရဲ့ ဆေးအဖွဲ့ကတော့ ဒီအပတ်ထဲမှာ အက်ဆီယန်ရဲ့ ဒဏ်ရာကို စစ်ဆေးကြည့်ရှုမှာ ဖြစ်ပါတယ်… အက်ဆီယန်ကတော့ သူ့ဒဏ်ရာနဲ့ ပတ်သက်ပြီး ‘ ဒီဒဏ်ရာက ပြင်းထန်ပါတယ်… ဒါပေမယ့် ကျွန်တော် မကြာခင်မှာ အဆင်သင့်ဖြစ်မှာပါ ’ လို့ စကိုင်းစပေါ့ ဒေါ့ ကွန်း ကို ပြောကြားခဲ့ပါတယ်…

August 29, 2008

ယူရို၂၀၀၈ ရွှေဖိနပ်ဆု နှင့် ပွဲစဉ် တစ်လျှောက် အကောင်းဆုံးကစားသမား

ရွှေဖိနပ်ဆု

ဒေးဗစ်ဗီလာ(၄ ဂိုး)

ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမား

ဇာဗီ


ယူရို၂၀၀၈ ဖိုင်နယ်ပွဲစဉ် ရလဒ်

ဂျာမနီ ၀ - ၁ စပိန်

(ဖာနန်ဒိုတောရက်(စ်)(၃၃'))

အကောင်းဆုံးကစားသမားဆု - ဖာနန်ဒိုတောရက်(စ်)

ယူရို၂၀၀၈ ဆီမီးဖိုင်နယ်ပွဲစဉ် ရလဒ်များ

ဂျာမနီ ၃ - ၂ တူရကီ

(ရှဝိန်းစတိုင်ဂါ(၂၆')၊ ကလိုဆေး(၇၉')၊ ဖိလစ်လမ်း(၉၀')၊ ဘိုရာ(၂၂')၊ ဆီမစ်(၈၆'))

အကောင်းဆုံးကစားသမားဆု - ကားဆီးလက်(စ်)


ရုရှား ၀ - ၃ စပိန်

(ဇာဗီ(၅၀')၊ ဂွီဇာ(၇၃')၊ ဒေးဗစ်ဆေး(လ်)ဗား(၈၂'))

အကောင်းဆုံးကစားသမားဆု - အင်နီယေစတာ

ယူရို၂၀၀၈ ကွာတားဖိုင်နယ်ပွဲစဉ် ရလဒ်များ

ခရိုအေးရှား ၁ - ၁ တူရကီ

(ကလာစနစ်(၁၁၉')၊ ဆီမစ်(၁၂၀'+၂'))

ပယ်နယ်တီတွင် ၃ ဂိုး ၁ ဂိုး ဖြင့် တူရကီဆီမီးဖိုင်နယ်တက်

အကောင်းဆုံးကစားသမားဆု - အယ်(လ်)တင်တော့


ဟော်လန် ၁ - ၃ ရုရှား

(နစ်စတယ်ရွိုင်း(၈၆')၊ ပက်ဗလျူချင်ကို(၅၆')၊ တော်ဘစ်စကီး(၁၁၂')၊ အာရှာဗင်(၁၁၆'))

အကောင်းဆုံးကစားသမားဆု - အာရှာဗင်


စပိန် ၀ - ၀ အီတလီ

ပယ်နယ်တီ ကန်ရာတွင် ၄ ဂိုး ၂ ဂိုး ဖြင့် စပိန် ဆီမီးဖိုင်နယ်တက်

အကောင်းဆုံးကစားသမားဆု - ကားဆီးလက်(စ်)


June 15, 2008

ယူရို ၂၀၀၈ အုပ်စုပွဲစဉ် ရလဒ်များ

ဆွစ်ဇာလန် ၂ - ၀ ပေါ်တူဂီ
(ယာကင်(၇၁'၊ ၈၃'(ပယ်နယ်တီ))
တူရကီ ၃ - ချက် ၂
(ယန်ခိုလာ(၃၄')၊ ပလာဆေး(လ်)(၆၂')၊ တူရန်(၇၅')၊ ကာဗီဆီ(၈၇'၊ ၈၉'))

June 8, 2008

၂၀၀၇ ခုနှစ် မြန်မာနိုင်ငံ အကောင်းဆုံး အားကစားသမားဆု


မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ၁၀ သိန်း နှင့် မြန်မာနိုင်ငံအားကစားကလောင်ရှင်များအသင်း ၁၀ သိန်း တို့မှ ၂၀၀၇ ခုနှစ်အတွက် ရွေးချယ်သော အမျိုးသား အကောင်းဆုံး အားကစားသမားဆုကို ဘုန်းမြင့်တေဇာ နှင့် အမျိုးသမီး အကောင်းဆုံး အားကစားသမားဆုကို စိုးစိုးမြာ တို့မှ ရရှိသွားပါတယ်။ သူတို့ကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ မှ ငွေကျပ် ၁၀ သိန်း နှင့် မြန်မာနိုင်ငံအားကစားကလောင်ရှင်များအသင်းမှ ငွေကျပ် ၁၀ သိန်း ချီးမြှင့်ခဲ့ပါတယ်။

အထူးဆုများကိုတော့ အောင်စည်သူ(ဝူရှူး)၊ မောင်ကြူး(သေနတ်ပစ်)၊ နော်အားအယ်လာရှီး(လှေလှော်) တို့မှ ရရှိသွားပြီး ဂုဏ်ပြုဆုငွေ ၄ သိန်းစီ ချီးမြှင့်ခဲ့ပါတယ်။

အကောင်းဆုံးအားကစားသမားဆု စတင်ချီးမြှင့်သည့် ၁၉၅၅ နှင့် ၁၉၅၆ တွင် ဗဟာဒူး က ရရှိခဲ့ပါတယ်။

၁၉၉၄ နောက်ပိုင်း တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုရရှိခဲ့သူများ

၁၉၉၄ - သန်းတိုးအောင်(ဘောလုံး)၊ ဝင်းဝင်းမာ(အလေးမ)

၁၉၉၅ - မြင့်စိုး(သေနတ်ပစ်)၊ ခင်ခင်ထွေး(ပြေးခုန်ပစ်)

၂၀၀၃ - အောင်လင်း(လှေလှော်)၊ ခိုင်ခိုင်မော်(ဝူရှူး)

၂၀၀၄ - စိုးမြတ်မင်း(ဘောလုံး)၊ ဆွေဆွေသန့်(ဝူရှူး)

၂၀၀၅ - အောင်ချိုမြင့်(ပိုက်ကျော်ခြင်း)၊ ယဉ်ယဉ်ခိုင်(ပြေးခုန်ပစ်)

၂၀၀၆ - အောင်ဆန်းဦး(ဘိလိယက်)၊ ရာသက်ပန်(အလေးမ)

June 4, 2008

သတင်းလူသား မော်ရင်ဟို

ဘောလုံးစပယ်ရှယ်ဝမ်း ချယ်(လ်)ဆီးနည်းပြဟောင်း မော်ရင်ဟို တစ်ယောက် စီးရီးအေ ကလပ် အင်တာမီလန် ကို ရောက်ရှိသွားပါပြီး… သူဟာ အင်တာ ကလပ်နဲ့ သုံးနှစ်စာချုပ် ချုပ်ဆိုလိုက်တယ်လို့ သိရပါတယ်… အသင်းဟောင်း ချယ်(လ်)ဆီးအသင်းက ကစားသမားတွေဖြစ်တဲ့ လမ်းပတ်၊ ဒရော့ဘာ၊ ကာဗယ်(လ်)ဟို နဲ့ အက်ဆီယန် တို့ကို အင်တာကို ခေါ်ယူချင်တယ်လို့ သိရပါတယ်…

May 22, 2008

ချန်ပီယံလိဂ် နောက်ဆုံး ဗိုလ်လုပွဲ ရလဒ်

ချယ်(လ်)ဆီး ၁ - ၁ မန်ယူ
(စီရော်နယ်ဒို(၂၆’)၊ လမ်းပတ်(၄၅’))
ပယ်နယ်တီတွင် ၆ ဂိုး ၅ ဂိုးဖြင့် မန်ယူ ဗိုလ်စွဲ

May 21, 2008

နောက်ဆုံးရရှိတဲ့ သတင်းများအရ ချယ်(လ်)ဆီးနောက်ခံလူ အက်(ရှ်)လေကိုးဟာ လေ့ကျင့်ရေးကွင်းမှာ အသင်းဖော် မက်ခီလီလီ နဲ့ ထိခိုက်မိပြီး ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။ ပခုံး ဒဏ်ရာ ရရှိထားတဲ့ ဂျွန်တယ်ရီ၊ ကျောဒဏ်ရာ ရရှိထားတဲ့ ကာဗယ်(လ်)ဟို နဲ့ ဒူးဒဏ်ရာ ရရှိထားတဲ့ ဒရော့ဘာ တို့ကတော့ ပြန်လည်ကြံ့ခိုင်နေပြီလို့ မျှော်လင့်ရပါတယ်။

ချန်ပီယံလိဂ် ဖိုင်နယ် အတွက် မန်ယူ နှင့် ချယ်(လ်)ဆီး အသင်းတို့၏ ပါဝင်မည့် ကစားသမားစာရင်း

မန်ယူ
ဗန်ဒါဆား၊ ကူဇက်၊ ဟီတန်၊ ဘရောင်း၊ အီဗရာ၊ ဖာဒီနန်၊ ဗီဒစ်၊ နဗီး(လ်)၊ အိုရှီးယား၊ ပီကေး၊ ဆေးဗား(လ်)စတား၊ အန်ဒါဆန်၊ ဖလက်ချာ၊ ဟားဂရေ့(ဗ်)၊ ကားရစ်၊ ပေါ(လ်)စခိုး၊ ရွိုင်ရယ်ဂစ်(စ်)၊ နာနီ၊ ပက်ဂျီဆန်၊ စီ ရိုနယ်ဒို(လ်)၊ ရွန်းနေ၊ တီဗက်၊ ဆာဟာ၊ ဝယ်(လ်)ဘက်
ချယ်(လ်)ဆီး
ပီတာဆက်(ခ်ျ)၊ ဟီလာရီယို၊ ကူဒီစီနီ၊ ဘယ်(လ်)လက်တီ၊ ဖာရဲရား၊ အဲလက်(စ်)၊ ဘင်ဟိန်း၊ ဂျွန်တယ်ရီ၊ ကာဗယ်(လ်)ဟို၊ အက်(ရှ်)လေကိုး၊ ဝိန်းဘရစ်(ဂ်ျ)၊ မက်ခီလီလီ၊ အက်ဆီယန်၊ လမ်းပတ်၊ ဘောလက်၊ ကာလူး၊ ရိုက်ဖီးလစ်၊ ဂျိုးကိုး(လ်)၊ မာလူဒါ၊ ဒရော့ဘာ၊ ရှက်(ဗ်)ချင်ကို၊ အနယ်(လ်)ကာ၊ မီခေး(လ်)

FA ဖလား ရလဒ်

ပို့(စ်)မောက် ၁ - ၀ ကာဒစ်
( ကနူး(၃၇’) )

May 14, 2008

ယူအီးအက်(ဖ်)အေ ဖလား ဖိုင်နယ် ရလဒ်

ဇင်းနစ် ၂ - ၀ ရိန်းဂျား
(ဒန်နီဆော့(ဗ်)(၂၇')၊ ဇီရီယန်နော့(ဗ်)(၉၀'))

May 2, 2008

ယူအီးအက်(ဖ်)အေ ဖလား ဒုတိယအကျော့ ရလဒ်များ

ဇင်းနစ် ၄ - ၀ ဘေယန်မြူးနစ်
(ပိုဂရက်ညက်(၄’)၊ ဇင်ရီရာနော့(၃၉’)၊ ဖေဇူလင်(၅၃’)၊ ပိုဂရက်ညက်(၇၃’))
နှစ်ပွဲပေါင်း ၅ ဂိုး ၁ ဂိုး ဖြင့် ဇင်းနစ် ယူအီးအက်(ဖ်)အေ ဖလား ဗိုလ်လုပွဲသို့ တက်
ဖီအိုရင်တီးနား ၀ - ၀ ရိန်းဂျား
ယူအီးအက်(ဖ်)အေ ဖလား ဗိုလ်လုပွဲသို့ ရိန်းဂျား တက်

ချန်ပီယံလိဂ် ဒုတိယအကျော့ ရလဒ်များ

ချယ်(လ်)ဆီး ၃ - ၁ လီဗာပူး(လ်)

(ဒရော့ဂ်ဘာ(၃၃’)၊ တောရက်(စ်)(၆၄’)၊ လမ်းပတ်(၉၈’)(ပယ်နယ်တီ)၊ ဒရော့ဂ်ဘာ(၁၀၅’)၊ ဘာဘယ်(လ်)(၁၁၇’))

နှစ်ပွဲပေါင်း ၄ ဂိုး ၂ ဂိုး ဖြင့် ချယ်(လ်)ဆီး ဖိုင်နယ် တက်

April 30, 2008

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ရလဒ်များ

မန်ယူ ၁ - ၀ ဘာစီလိုနာ

(ပေါ(လ်)စခိုး(၁၄’))

နှစ်ပွဲပေါင်း ၁ ဂိုး ဂိုး မရှိ ဖြင့် မန်ယူ ချန်ပီယံလိဂ် ဖိုင်နယ် တက်

April 28, 2008

PFA team of the year


ရှေ့တန်း : အဒီဘာယော(အာဆင်နယ်)၊ ဖာနန်ဒိုတောရက်စ်(လီဗာပူးလ်)

အလယ်တန်း : စတီဗင်ဂျရတ်(လီဗာပူးလ်)၊ ဖာဘရီဂတ်စ်(အာဆင်နယ်)၊ စီရိုနယ်ဒို(မန်ယူ)၊ အက်ရှ်လေရန်း(အက်စတွန်ဗီလာ)

နောက်တန်း : ဆက်ဂ်နာ(အာဆင်နယ်)၊ ရီယိုဖာဒီနန်(မန်ယူ)၊ ဗီဒစ်(မန်ယူ)၊ ကလစ်ချီ(အာဆင်နယ်)

ဂိုး : ဒေးဗစ်ဂျိမ်း(ပို့စ်မောက်)


PFA Young Player of the Year( PFA အကောင်းဆုံးလူငယ်ကစားသမားဆု )

ဖာဘရီဂတ်စ်အား အကောင်းဆုံး လူငယ်ကစားသမားဆု နှင့်အတူ တွေ့ရစဉ်

အကောင်းဆုံးလူငယ်ကစားသမားဆုရှင် ဖာဘရီဂတ်စ် ကတော့ ဒီဆုကို ရဖို့အတွက် ဖာနန်ဒိုတောရက်စ်၊ မီကာရစ်ချက်၊ အဘွန်လဟော် နဲ့ အက်ရှ်လေယန်း တို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်… သူဟာ ဒီနှစ် ပရီးမီးယားလိဂ်မှာ ဂိုးသွင်းယူဖို့ ဖန်တီးမှုပေါင်း ၁၈ ခါ ပြုလုပ်ခဲ့ပြီး သူကိုယ်တိုင် ပြိုင်ပွဲအရပ်ရပ်မှာ ၁၃ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်… “ ကျွန်တော် အရမ်းကို ဂုဏ်ယူပါတယ်… ဒီဆုဟာ အရမ်းကို ဂုဏ်ယူစရာကောင်းတဲ့ ဆုပါ… ဘောလုံးကစားနည်းဟာ စုစည်းမှုနဲ့ ကစားရတဲ့ အားကစားနည်းဖြစ်ပါတယ်.. ဒါကြောင့် ဆုတွေကို အသင်းဖော်တွေနဲ့ ပိုမိုရရှိလိုပေမယ့် ဒီဆုကို ရရှိတာဟာ အတော်လေး ပျော်ရွှင်ဖို့ကောင်းပါတယ် ” လို့ ဖာဘရီဂတ်စ် က ပြောကြားခဲ့ပါတယ်… ဖာဘရီဂတ်စ်ဟာ ၁၉၉၉ မှာ အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့တဲ့ နီကိုလပ်စ် အနယ်လ်ကာ နောက်ပိုင်း ဒီဆုကို ရရှိခဲ့တဲ့ ပထမဆုံး အာဆင်နယ် ကစားသမား ဖြစ်ပါတယ်…

Professional Footballers' Association Player of the Year (PFA အကောင်းဆုံးကစားသမားဆု)

စီရိုနယ်ဒိုအား PFA အကောင်းဆုံးကစားသမားဆု နှင့်အတူ တွေ့ရစဉ်

မန်ယူစတား စီရိုနယ်ဒိုကတော့ ဒီနှစ်အတွက် ချီးမြှင့်တဲ့ PFA အကောင်းဆုံးကစားသမားဆုကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်း က ရရှိခဲ့ပါတယ်… သူဟာ ဒီဆုကို လီဗာပူး(လ်)က ဖာနန်ဒိုတောရက်စ် နဲ့ စတီဗင်ဂျရတ်၊ အာဆင်နယ်က ဖာဘရီဂတ်စ် နဲ့ အဒီဘာယော နဲ့ ပို့စ်မောက် ဂိုးသမား ဒေးဗစ်ဂျိမ်း တို့ကို ကျော်ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်… စီရိုနယ်ဒိုဟာ ယခုနှစ်အတွက် PFA အကောင်းဆုံး လူငယ်ကစားဆု အတွက်လည်း ဆန်ကာတင်အဆင့်ထိ ပါဝင်ခဲ့ပါတယ်… ဒီ PFA အကောင်းဆုံးလူငယ်ကစားဆုကိုတော့ စီရိုနယ်ဒိုဟာ ၂၀၀၇ ခုနှစ်မှာ ရရှိခဲ့ပါတယ်… ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အာဆင်နယ်မှ ဖာဘရီဂတ်စ် မှ ရရှိခဲ့ပါတယ်… ဆုချီးမြှင့်ပွဲကိုတော့ လန်ဒန်က Grosvenor House Hotel မှာ ကျင်းပခဲ့ပြီး ဒီပွဲကိုတော့ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် ကစားဖို့ရှိတဲ့အတွက် စီရိုနယ်ဒို မတက်ရောက်နိုင်ခဲ့ပါဘူး… ရိုနယ်ဒိုက ဒီဆုနဲ့ ပတ်သက်ပြီး “ ကျွန်တော် အတော်လေး ပျော်ရွှင်မိပါတယ်… သင်ဟာ သင့် အသင်းအတွက် တစ်ရာသီလုံး ကြိုးစားပြီးတဲ့နောက် … နောက်ဆုံးမှာ PFA က သင့် ကို ဒီ အကောင်းဆုံးပေးတဲ့အချိန်ဟာ တကယ့် အချိန် အခိုက်အတန့်ပါပဲ… ” လို့ ပြောကြားခဲ့ပါတယ်… ပြီးတော့ ဒီဆုဟာ ဂုဏ်ပြုမှု၊ ပျော်၇ွှင်မှု နဲ့ အလုပ်ကို ကောင်းသထက် ကောင်းအောင် ကြိုးစားဖို့ တွန်းအားပေးမှု တစ်ရပ်ပါလို့ လဲ ဖွင့်ဟသွားခဲ့ပါတယ်… ခုအချိန်ဟာ ကျွန်တော့်အတွက်တော့ ကောင်းမွန်တဲ့ အခိုက်အတန့်ပါပဲ… ပြီးတော့ ဒါက ကျွန်တော့်ရဲ့ ဆု မဟုတ်ပါဘူး… ကျွန်တော်တို့ အသင်းသားများဟာ ဒီရာသီမှာ အတော်များများ ကူညီပြီး ဂိုးသွင်းခွင့်တွေ ဖန်တီးပေးခဲ့လို့ ကျွန်တော် ဂိုးတွေ သွင်းနိုင်ခဲ့တာပါ… စီရိုနယ်ဒိုဟာ ဒီရာသီမှာ ပြိုင်ပွဲအရပ်ရပ်မှာ ဂိုး ၃၈ ဂိုး သွင်းထားပြီး သူ့ရဲ့ ဒီရာသီ ပထမဆုံး ဟက်ထရစ် ဂိုးကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ကစားခဲ့တဲ့ နယူးကာဆယ် နဲ့ ပွဲမှာ သွင်းယူနိုင်ခဲ့ပါတယ်…. အဲဒီနောက် မတ်လ ၁၅ ရက်နေ့ ကနေ ဧပြီလ ၁၃ အတွင်း မှာ ကစားခဲ့တဲ့ ၇ ပွဲမှာ ၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်…. ဒီပေါ်တူဂီ တောင်ပံကစားသမားဟာ ချန်ပီယံလိဂ် နဲ့ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ နီးကပ်တဲ့အခြေအနေရောက်အောင် အသင်းဖော်တွေကို ဖန်တီးမှုပေါင်း မြောက်မြားစွာ ပြုလုပ်ပေးခဲ့ပါတယ်… သူဟာ သီယာရီအွန်နရီ(၂၀၀၃၊ ၂၀၀၄)ရဲ့နောက် ဒီ PFA အကောင်းဆုံးကစားသမားဆုကို နှစ်နှစ်ဆက်တိုက်ရတဲ့ ပထမဆုံး ကစားသမား ဖြစ်လာပါတယ်…



ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ ရလဒ်များ

ပရီးမီးယားလိဂ်ကတော့ ချယ်(လ်)ဆီးက မန်ယူကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်လိုက်လို့ ဇာတ်ရှိန်အတော်လေး မြင့်လာပါပြီ။ နောက်ဆုံးပွဲစဉ် ၃၈ ရှိ ဆွဲဆောင်သွားမယ့်ပုံ ရှိပါတယ်။ ယခုအပတ် စနေ၊ တနင်္ဂနွေ ကစားသွားတဲ့ပွဲစဉ်များမှာ ချယ်(လ်)ဆီးက ဂျာမနီစတား မိုက်ကယ်ဘောလက်ရဲ့ သွင်းဂိုး နှစ်ဂိုး နဲ့ ထိပ်ဆုံးက ဦးဆောင်နေတဲ့ မန်ယူ အသင်းကို အနိုင်ရရှိခဲ့ပြီး အမှတ်တူ ဂိုးကွာခြားချက်နဲ့ ဒုတိယနေရာကနေ လိုက်လံဖိအားပေးနိုင်ခဲ့ပြီး တတိယနေရာက အာဆင်နယ်ကတော့ ဒါဘီ ကောင်တီ နဲ့ ဒီနေ့မှ ကန်ရမှာဖြစ်ပါတယ်... စတုတ္ထနေရာက လီဗာပူး(လ်) ကတော့ ဘာမင်ဂမ် နဲ့ အဝေးကွင်း မှာ ၂ ဂိုး စီ သရေ ကျသွားခဲ့ပါတယ်... ဒါပေမယ့် သူက တော့ ပဉ္စမ နေရာ က အဲဗာတန်နဲ့ ရှစ်မှတ်အထိ ပြတ်သွားပြီ ဖြစ်တဲ့အတွက် လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက်တော့ စိုးရိမ်စရာ မရှိတော့ ပါဘူး... ပဉ္စမနေရာက အဲဗာတန်ကတော့ အက်စတွန်ဗီလာနဲ့ အိမ်ကွင်းမှာ ၂ ဂိုးစီ သရေကျသွားခဲ့ပါတယ်... အဆင့် ၇ နေရာက ပို့စ်မောက် ကတော့ အိမ်ကွင်းမှာ ဘလက်ဘန်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်... ဒါကြောင့် ဘလက်ဘန်းနဲ့ ပို့စ်မောက်ကြား အမှတ်ကွာခြားချက် ၂ မှတ်သာရှိတော့ပြီး ဘလက်ဘန်းဟာ အဆင့် ၈ နေရာကို မန်စီးတီး အသင်းအပေါ် အမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ ရယူနိုင်ခဲ့ပါတယ်... မန်စီတီးကတော့ ဖူ(လ်)ဟမ်ကို အိမ်ကွင်းမှာ ၃ ဂိုး ၂ ဂိုး နဲ့ ရှုံးနိမ့်ပြီး အဆင့် ၈ နေရာကနေ အဆင့် ၉ နေရာ ကို ရောက်ရှိသွားပါတယ်... ကျန်ရှိတဲ့ ပရီးမီးယားလိဂ် ဘောလုံးရလဒ်များကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်...


Chelsea ၂ - ၁ Manchester U.

(ဘောလက်(၄၅’ ၊ ၈၆’ (ပယ်နယ်တီ))၊ ရွန်းနီ(၅၆’))

Birmingham C. ၂ - ၂ Liverpool

(ဖော်ဆဲ(လ်)(၃၄’)၊ လာဆင်(၅၅’)၊ ပီတာခရော့ခ်ျ(၆၃’)၊ ဘီနာယေင်(၇၆’))

Manchester C. ၂ - ၃ Fulham

(အိုင်ယာလန်(၁၀’)၊ မာရူဝါရီ(၂၁’)၊ ကာမာရာ(၇၀’)၊ မာဖီ(၉၀’))

Sunderland ၃ - ၂ Middlesbrough

(တွန်ကေးဆန်လီ(၄’)၊ ဟဂ်ဂင်ဘိုတန်(၆’)၊ ချော်ပရာ(၄၅’)၊ အဲ(လ်)ဗက်(၇၃’)၊ ပိုဂါတက်(၉၀’)(O.G))

Tottenham H. ၁ - ၁ Bolton W.

(ဂီရာနာကိုပေါလတ်(၄၆’)၊ မဲလ်ဘရန့်(၅၂’))

West Ham U. ၂ - ၂ Newcastle U.

(နိုဘယ်(၁၀’)၊ အက်ရှ်တန်(၂၃’)၊ မာတင်(၄၂’)၊ ဂျရမီး(၄၅’))

Wigan Athletic ၀ - ၀ Reading

Portsmouth ၀ - ၁ Blackburn R.

(ဆန်တာခရု(ဇ်)(၇၄’))

Everton ၂ - ၂ Aston Villa

(ဖီးလ်နဗီး(၅၅’)၊ အဘွန်လဟော်(၈၀’)၊ ယိုဘို(၈၄’)၊ ဂျွန်ကာရူး(၈၅’))