Showing posts with label PFA. Show all posts
Showing posts with label PFA. Show all posts

April 28, 2008

PFA team of the year


ရှေ့တန်း : အဒီဘာယော(အာဆင်နယ်)၊ ဖာနန်ဒိုတောရက်စ်(လီဗာပူးလ်)

အလယ်တန်း : စတီဗင်ဂျရတ်(လီဗာပူးလ်)၊ ဖာဘရီဂတ်စ်(အာဆင်နယ်)၊ စီရိုနယ်ဒို(မန်ယူ)၊ အက်ရှ်လေရန်း(အက်စတွန်ဗီလာ)

နောက်တန်း : ဆက်ဂ်နာ(အာဆင်နယ်)၊ ရီယိုဖာဒီနန်(မန်ယူ)၊ ဗီဒစ်(မန်ယူ)၊ ကလစ်ချီ(အာဆင်နယ်)

ဂိုး : ဒေးဗစ်ဂျိမ်း(ပို့စ်မောက်)


PFA Young Player of the Year( PFA အကောင်းဆုံးလူငယ်ကစားသမားဆု )

ဖာဘရီဂတ်စ်အား အကောင်းဆုံး လူငယ်ကစားသမားဆု နှင့်အတူ တွေ့ရစဉ်

အကောင်းဆုံးလူငယ်ကစားသမားဆုရှင် ဖာဘရီဂတ်စ် ကတော့ ဒီဆုကို ရဖို့အတွက် ဖာနန်ဒိုတောရက်စ်၊ မီကာရစ်ချက်၊ အဘွန်လဟော် နဲ့ အက်ရှ်လေယန်း တို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်… သူဟာ ဒီနှစ် ပရီးမီးယားလိဂ်မှာ ဂိုးသွင်းယူဖို့ ဖန်တီးမှုပေါင်း ၁၈ ခါ ပြုလုပ်ခဲ့ပြီး သူကိုယ်တိုင် ပြိုင်ပွဲအရပ်ရပ်မှာ ၁၃ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်… “ ကျွန်တော် အရမ်းကို ဂုဏ်ယူပါတယ်… ဒီဆုဟာ အရမ်းကို ဂုဏ်ယူစရာကောင်းတဲ့ ဆုပါ… ဘောလုံးကစားနည်းဟာ စုစည်းမှုနဲ့ ကစားရတဲ့ အားကစားနည်းဖြစ်ပါတယ်.. ဒါကြောင့် ဆုတွေကို အသင်းဖော်တွေနဲ့ ပိုမိုရရှိလိုပေမယ့် ဒီဆုကို ရရှိတာဟာ အတော်လေး ပျော်ရွှင်ဖို့ကောင်းပါတယ် လို့ ဖာဘရီဂတ်စ် က ပြောကြားခဲ့ပါတယ်… ဖာဘရီဂတ်စ်ဟာ ၁၉၉၉ မှာ အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့တဲ့ နီကိုလပ်စ် အနယ်လ်ကာ နောက်ပိုင်း ဒီဆုကို ရရှိခဲ့တဲ့ ပထမဆုံး အာဆင်နယ် ကစားသမား ဖြစ်ပါတယ်…

Professional Footballers' Association Player of the Year (PFA အကောင်းဆုံးကစားသမားဆု)

စီရိုနယ်ဒိုအား PFA အကောင်းဆုံးကစားသမားဆု နှင့်အတူ တွေ့ရစဉ်

မန်ယူစတား စီရိုနယ်ဒိုကတော့ ဒီနှစ်အတွက် ချီးမြှင့်တဲ့ PFA အကောင်းဆုံးကစားသမားဆုကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်း က ရရှိခဲ့ပါတယ်… သူဟာ ဒီဆုကို လီဗာပူး(လ်)က ဖာနန်ဒိုတောရက်စ် နဲ့ စတီဗင်ဂျရတ်၊ အာဆင်နယ်က ဖာဘရီဂတ်စ် နဲ့ အဒီဘာယော နဲ့ ပို့စ်မောက် ဂိုးသမား ဒေးဗစ်ဂျိမ်း တို့ကို ကျော်ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်… စီရိုနယ်ဒိုဟာ ယခုနှစ်အတွက် PFA အကောင်းဆုံး လူငယ်ကစားဆု အတွက်လည်း ဆန်ကာတင်အဆင့်ထိ ပါဝင်ခဲ့ပါတယ်… ဒီ PFA အကောင်းဆုံးလူငယ်ကစားဆုကိုတော့ စီရိုနယ်ဒိုဟာ ၂၀၀၇ ခုနှစ်မှာ ရရှိခဲ့ပါတယ်… ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အာဆင်နယ်မှ ဖာဘရီဂတ်စ် မှ ရရှိခဲ့ပါတယ်… ဆုချီးမြှင့်ပွဲကိုတော့ လန်ဒန်က Grosvenor House Hotel မှာ ကျင်းပခဲ့ပြီး ဒီပွဲကိုတော့ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ် ကစားဖို့ရှိတဲ့အတွက် စီရိုနယ်ဒို မတက်ရောက်နိုင်ခဲ့ပါဘူး… ရိုနယ်ဒိုက ဒီဆုနဲ့ ပတ်သက်ပြီး “ ကျွန်တော် အတော်လေး ပျော်ရွှင်မိပါတယ်… သင်ဟာ သင့် အသင်းအတွက် တစ်ရာသီလုံး ကြိုးစားပြီးတဲ့နောက် … နောက်ဆုံးမှာ PFA က သင့် ကို ဒီ အကောင်းဆုံးပေးတဲ့အချိန်ဟာ တကယ့် အချိန် အခိုက်အတန့်ပါပဲ… ” လို့ ပြောကြားခဲ့ပါတယ်… ပြီးတော့ ဒီဆုဟာ ဂုဏ်ပြုမှု၊ ပျော်၇ွှင်မှု နဲ့ အလုပ်ကို ကောင်းသထက် ကောင်းအောင် ကြိုးစားဖို့ တွန်းအားပေးမှု တစ်ရပ်ပါလို့ လဲ ဖွင့်ဟသွားခဲ့ပါတယ်… ခုအချိန်ဟာ ကျွန်တော့်အတွက်တော့ ကောင်းမွန်တဲ့ အခိုက်အတန့်ပါပဲ… ပြီးတော့ ဒါက ကျွန်တော့်ရဲ့ ဆု မဟုတ်ပါဘူး… ကျွန်တော်တို့ အသင်းသားများဟာ ဒီရာသီမှာ အတော်များများ ကူညီပြီး ဂိုးသွင်းခွင့်တွေ ဖန်တီးပေးခဲ့လို့ ကျွန်တော် ဂိုးတွေ သွင်းနိုင်ခဲ့တာပါ… စီရိုနယ်ဒိုဟာ ဒီရာသီမှာ ပြိုင်ပွဲအရပ်ရပ်မှာ ဂိုး ၃၈ ဂိုး သွင်းထားပြီး သူ့ရဲ့ ဒီရာသီ ပထမဆုံး ဟက်ထရစ် ဂိုးကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ကစားခဲ့တဲ့ နယူးကာဆယ် နဲ့ ပွဲမှာ သွင်းယူနိုင်ခဲ့ပါတယ်…. အဲဒီနောက် မတ်လ ၁၅ ရက်နေ့ ကနေ ဧပြီလ ၁၃ အတွင်း မှာ ကစားခဲ့တဲ့ ၇ ပွဲမှာ ၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်…. ဒီပေါ်တူဂီ တောင်ပံကစားသမားဟာ ချန်ပီယံလိဂ် နဲ့ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ နီးကပ်တဲ့အခြေအနေရောက်အောင် အသင်းဖော်တွေကို ဖန်တီးမှုပေါင်း မြောက်မြားစွာ ပြုလုပ်ပေးခဲ့ပါတယ်… သူဟာ သီယာရီအွန်နရီ(၂၀၀၃၊ ၂၀၀၄)ရဲ့နောက် ဒီ PFA အကောင်းဆုံးကစားသမားဆုကို နှစ်နှစ်ဆက်တိုက်ရတဲ့ ပထမဆုံး ကစားသမား ဖြစ်လာပါတယ်…