June 25, 2012
မြန်မာ U22 နှင့် ဗီယက်နမ်
June 8, 2008
၂၀၀၇ ခုနှစ် မြန်မာနိုင်ငံ အကောင်းဆုံး အားကစားသမားဆု
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ၁၀ သိန်း နှင့် မြန်မာနိုင်ငံအားကစားကလောင်ရှင်များအသင်း ၁၀ သိန်း တို့မှ ၂၀၀၇ ခုနှစ်အတွက် ရွေးချယ်သော အမျိုးသား အကောင်းဆုံး အားကစားသမားဆုကို ဘုန်းမြင့်တေဇာ နှင့် အမျိုးသမီး အကောင်းဆုံး အားကစားသမားဆုကို စိုးစိုးမြာ တို့မှ ရရှိသွားပါတယ်။ သူတို့ကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ မှ ငွေကျပ် ၁၀ သိန်း နှင့် မြန်မာနိုင်ငံအားကစားကလောင်ရှင်များအသင်းမှ ငွေကျပ် ၁၀ သိန်း ချီးမြှင့်ခဲ့ပါတယ်။
အထူးဆုများကိုတော့ အောင်စည်သူ(ဝူရှူး)၊ မောင်ကြူး(သေနတ်ပစ်)၊ နော်အားအယ်လာရှီး(လှေလှော်) တို့မှ ရရှိသွားပြီး ဂုဏ်ပြုဆုငွေ ၄ သိန်းစီ ချီးမြှင့်ခဲ့ပါတယ်။
အကောင်းဆုံးအားကစားသမားဆု စတင်ချီးမြှင့်သည့် ၁၉၅၅ နှင့် ၁၉၅၆ တွင် ဗဟာဒူး က ရရှိခဲ့ပါတယ်။
၁၉၉၄ နောက်ပိုင်း တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုရရှိခဲ့သူများ
၁၉၉၄ - သန်းတိုးအောင်(ဘောလုံး)၊ ဝင်းဝင်းမာ(အလေးမ)
၁၉၉၅ - မြင့်စိုး(သေနတ်ပစ်)၊ ခင်ခင်ထွေး(ပြေးခုန်ပစ်)
၂၀၀၃ - အောင်လင်း(လှေလှော်)၊ ခိုင်ခိုင်မော်(ဝူရှူး)
၂၀၀၄ - စိုးမြတ်မင်း(ဘောလုံး)၊ ဆွေဆွေသန့်(ဝူရှူး)
၂၀၀၅ - အောင်ချိုမြင့်(ပိုက်ကျော်ခြင်း)၊ ယဉ်ယဉ်ခိုင်(ပြေးခုန်ပစ်)
၂၀၀၆ - အောင်ဆန်းဦး(ဘိလိယက်)၊ ရာသက်ပန်(အလေးမ)December 13, 2007
မြန်မာအမျိုးသမီးဘောလုံးအသင်း SeaGame တွင် တတိယရရှိ
Source: http://www.dvbsports.com
မြန်မာအမျိုးသားဘောလုံးအသင်း SeaGame ဖိုင်နယ်ရောက်ပြီ
မြန်မာအမျိုးသား ဘောလုံးအသင်းကတော့ ဗီယက်နမ်ကို ပန်နယ်တီမှာ ၃ ဂိုး ၁ ဂိုး နဲ့ နိုင်ပြီး ဖိုင်နယ်အဆင့်ကို တက်ရောက်သွားပါပြီ။ တစ်ပွဲလုံး မြန်မာအသင်း ကောင်းတယ်လို့ သိရပါတယ်။ အရင်ကလို အားပေးရကြိုးမနပ် မဟုတ်တော့ပါဘူး။ မြန်မာဟာ ဖိုင်နယ်မှာ အိမ်ရှင် ထိုင်း အသင်းနဲ့ ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၄း၃၀ မှာ ကန်ရမှာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ အုပ်စုပွဲတွင်တွေကနေ တစ်ပွဲပြီးတစ်ပွဲ ခြေစွမ်းထက်လာတယ်လို့ သိရပါတယ်။ ကျွန်တော်ကတော့ ပထမဆုံး ထိုင်းနဲ့တွေ့တဲ့ပွဲကိုပဲ ကြည့်ဖြစ်ပါတယ်။ ထိုင်း ၂ ဂိုးသွင်းပြီးတော့ မကြည့်ဖြစ်တော့ပါဘူး။ ဒါပေမယ့် ထင်ထားတာနဲ့ အတော်လေး လွဲသွားတယ်။ ထိုင်းကို ၃ ဂိုး ၂ ဂိုး နဲ့ ရှုံးတယ်။ ရှုံးပေမယ့် ၂ ဂိုး သွင်းနိုင်တယ်။ အဲဒါကို အတော်လေး အားရတယ်။ ကျွန်တော် ကြည့်မိသလောက် မြန်မာအသင်း ရှုံးရတဲ့ ပွဲတွေမှာ ဂိုးမသွင်းနိုင်တာကလည်း အဓိကလို့ ထင်တယ်။ ဒုတိယပွဲမှာ အင်ဒိုနဲ့ တွေ့တယ်။ ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ပဲ သရေကျသွားတယ်။ မြန်မာတော့ သွားပြန်ပြီလို့ ထင်လိုက်တယ်။ နောက်ဆုံး ကမ္ဘောဒီးယားနဲ့ပွဲမှာ မြန်မာက ၆ ဂိုး ၂ ဂိုး နဲ့ နိုင်တယ်။ ဒါပေမယ့် ရဲရဲမပျော်နိုင်သေးဘူး။ ထိုင်း- အင်ဒို ရလဒ်ကို စောင့်နေရသေးတယ်။ ထိုင်းက နိုင်သွားတယ်ဆိုမှ သက်ပြင်းချနိုင်တယ်။ ဘာလို့လဲဆိုတော့ အင်ဒိုက ကမ္ဘောဒီးယား ကိုနိုင်၊ မြန်မာနဲ့ သရေကျပြီး ၄ မှတ် ရထားတာ။ မြန်မာက ထိုင်းကို ရှုံး၊ အင်ဒိုကို သရေ၊ ကမ္ဘောဒီးယားကို နိုင် ဆိုတော့ ၄ မှတ်ပဲ။ အင်ဒို နောက်ဆုံးရလဒ်ကိုပဲ ကြည့်နေရတာ။ ထိုင်းသာ တွဲခေါ်သွားရင်တော့ မြန်မာတော့သွားပြီပေါ့ ဆိုပြီး။ တော်သေးတယ်… ထိုင်းက အနိုင်ကန်သွားလို့။ မြန်မာနဲ့အင်ဒိုနဲ့က ရမှတ်တူပေမယ့် ဂိုးကွာခြားချက်အရ မြန်မာ ဆီမီးကိုတက်သွားတာ။ ကမ္ဘောဒီးယားကို ရသလောက် ဂိုးသွင်းလိုက်လို့ပေါ့။
အခု ဆီမီးမှာ ဗီယက်နမ်နဲ့ တွေ့တယ်။ မြန်မာအသင်းဟာ ဗီယက်နမ်နဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ခြေအသာနဲ့ ပွဲချိန်အတော်များများ ဖိကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း အတော်များများ ရခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ အထူးသဖြင့် ပွဲပြီးခါနီး ၁ မိနစ်အလိုမှာ ရာဇာဝင်းသိန်းကို ဗီယက်နမ်ဂိုးသမား အဖျက်ကြမ်းလို့ အဖိုးတန် ပင်နယ်တီ ကန်ခွင့် ရတာကို အလယ်တန်းလူ အောင်မျိုးသန့် ၀င်အောင် မကန်နိုင်ခဲ့လို့ အချိန်ပို၊ ပင်နယ်တီအထိ ရောက်ခဲ့ရတာပါ။ သူ့ကိုတော့ အပြစ်မပြောလိုပါဘူး။ ကျွန်တော်ကြိုက်တဲ့ ကစားသမား ဖြစ်လို့ပါ။ :D
အချိန်ပိုမှာလည်း ဗီယက်နမ်ကစားသမားတွေ ကစားအားကျနေတာကို မြန်မာ ဖိကစားနိုင်ခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး။ နောက်ဆုံး ပင်နယ်တီ ကန်ခဲ့ရတယ်။ ကစားအားကျနေရုံ တင်မကဘဲ စိုးရိမ်စိတ်ပါဝင်နေတဲ့ ဗီယက်နမ်အသင်းဟာ ပင်နယ်တီ ၄ လုံးမှာ ပထမဆုံး ကန်သွင်းတဲ့ အသင်းက အသင်းကပ္ပတိန် လီကောင်ဘင်ပဲဝင်ပြီး ကျန်တဲ့ ၃ ယောက်ကန်တာမှာ ဂိုးမ၀င်ခဲ့လို့ ရှုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဂိုးသမားချင်းမှာ မြန်မာဂိုးသမား ကျော်ဇင်ထက်က လက်စွမ်းပိုပြနိုင်(၂ ကြိမ် ကာကွယ်ခဲ့) ခဲ့တာကြောင့်လည်း မြန်မာအသင်း အနိုင်ရခဲ့တာ ဖြစ်တယ်။ တစ်ပွဲလုံး ခြုံကြည့်ရင် ဒီပွဲမှာ မြန်မာအသင်းဟာ ဗီယက်နမ်ထက် နည်းဗျူဟာ၊ နည်းစနစ် ပိုင်း၊ ကစားပုံအပိုင်း၊ ကစားသမားတစ်ဦးချင်းစီရဲ့ စိတ်ဓာတ်နဲ့ ကြိုးစားမှုအပိုင်း၊ ကစားအားအပိုင်းမှာပါ သာခဲ့လို့ ထိုက်ထိုက်တန်တန်နိုင်ပြီး ဗိုလ်လုပွဲ တက်သွားခဲ့ တာဖြစ်တယ်။
၃၄ နှစ်တောင် ကြာခဲ့ပြီ
တကယ်တော့ မြန်မာအသင်းဟာ ကျွန်းဆွယ်ပွဲလို့ အမည်တွင်ခဲ့တဲ့ ပြိုင်ပွဲကစပြီး ဗီယက်နမ်ကို အသာမရခဲ့တာ ၃၄ နှစ်တောင်ရှိပြီ ဖြစ်ပါတယ်။ 1995 ဆီးဂိမ်းဆီးမီးပွဲမှာလည်း လီယွန်ဒက်ရဲ့ ကရာတေးကစ်နဲ့ ၀င်လာတာကို မြန်မာဂိုးသမား အောင်ကျော်ကျော် စိတ်မထိန်းနိုင်ဘဲ မထိတထိ တုန့်ပြန်ခဲ့မိလို့ အနီကတ် ထိခဲ့တဲ့အပြင် အလယ် တန်းလူ အေးနိုင်ကလည်း 2 ၀ါ၊ တစ်နီနဲ့ ထွက်ခဲ့ရပြီး ၉ ယောက်ထဲ ရှိတော့လို့ ဗီယက်နမ်ကို ခြေသာ၊ ဂိုးသာ နေရက်နဲ့ ရှုံးခဲ့ရတာဖြစ်တယ်။ အဲဒီ နောက်ပိုင်း ဗီယက်နမ်နဲ့မြန်မာ ခြေစွမ်းဟာ အတော်လေး ကွာလာခဲ့ပါတယ်။ အခုတော့ ၃၄ နှစ်တာ ဗီယက်နမ်ကို မကျော်နိုင်ခဲ့တာကို ဒီနှစ်မြန်မာအသင်းက ချေဖျက်ပစ်လိုက်နိုင်ခဲ့ပါပြီ။ SEAP, SEA Game မှာ မြန်မာဘောလုံးအသင်း နောက်ဆုံး ဗိုလ်စွဲခဲ့တာကလည်း 1973 နောက်ပိုင်းပြိုင်ပွဲတွေ အားလုံးပဲဆိုတော့ အခုဆို 34 နှစ်တောင် ရှိနေပြီဆိုတာပါ တိုက်ဆိုင်နေပါတယ်။
ဒီပွဲမှာ ကစားသမားတွေသာမက နည်းပြကြီး မားကို့စ်ရဲ့ နည်းဗျူဟာများလည်း အတော်ကောင်းမွန်တယ်လို့သိရပါတယ်။ နောက်တစ်ခုက မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ရဲ့ လုပ်ဆောင်မှုတွေပါပဲ။ အင်ဒိုနဲ့ သရေကျအပြီးမှာ မြန်မာဘောလုံးကစားသမားတွေကို နှုတ်အားဖြင့် အားပေးတဲ့အပြင် ဆုငွေများလည်း ချီးမြှင့်ကြောင်းသိရပါတယ်။ မြန်မာဘောလုံး တိုးတက်ဖို့အတွက် အပြောမဟုတ်၊ အလုပ်နဲ့ သက်သေပြလိုက်သလို ဖြစ်ပါတယ်။ နောက်ဆုံး သတင်းအချက်အလက်များအရ မြန်မာကို ရှုံးသွားတဲ့ ဗီယက်နမ်အသင်းနည်းပြကြီးဟာ ရာထူးမှ နှုတ်ထွက်သွားပြီလို့ သိရပါတယ်။
September 17, 2007
မြန်မာအမျိုးသမီးဘောလုံးအသင်း၏ အောင်ပွဲ
ကစားကွက်ကလည်းကောင်း… သက်လုံကလည်းကောင်းဆိုတော့ ထိုင်းအသင်း ရွာလည်သွားတာပေါ့။ အမှန်က ထိုင်းအသင်းက ကျွန်တော်တို့ မြန်မာထက် အစစ အရာရာသာတာ။ ဘောလုံးအပေးအပို့ ၊ ပြေးအား ၊ skill ပြောစရာမရှိအောင်ကို ကောင်းတာ… like man… ထိုင်းတစ်ယောက်ကန်ပြီး ဘားတန်းထိသွားတဲ့ ဘောလုံးဆိုရင် သူတို့ရဲ့ ကန်နိုင်အား ကို ပြလိုက်သလိုပဲ။ Goal သွားပြီတောင်ထင်တာ… ဟဲ ဟဲ….ကံတရားက သူတို့ ထိုင်းအသင်းဘက်မှာ မရှိဘူး…ဒါပေမယ့် ကျွန်တော်တို့ မြန်မာအသင်းသာတာက စိတ်ဓါတ် နဲ့ ပရိသတ်ရဲ့ အားပေးမှုပါပဲ။ တစ်ကွင်းလုံး ဗမာ ပရိသတ်ကြီးပဲ… တစ်သင်းလုံးလည်း ကြိုးစားကြတယ်။ ကိုယ့်ကြောင့် ဘောလုံးပျက်သွားရင် မရ ရအောင် ပြန်လိုက်လုတဲ့ စိတ်ဓါတ်ကလည်း အတော် ချစ်စရာကောင်းတယ်… ကစားကွက်လည်း ကောင်းတယ်… Passing ပိုင်းလည်း ကောင်းလာတယ်… နည်းပြဆရာရဲ့ စကားကိုလည်း အတော်လည်း လိုက်နာပုံရတယ်… ဒီလို အောင်မြင်မှုရတာမှာ နည်းပြတစ်ယောက်ရဲ့ အပိုင်း ကလည်း အတော် အရေးကြီးတယ်… ပထမပိုင်း မြန်မာအသင်း ထိုင်းရဲ့ လွှမ်းမိုးမှုခံနေရတာကို ဒုတိယပိုင်းမှာ ရအောင်ပြုပြင်နိုင်တာဟာ နည်းပြတစ်ယောက်ရဲ့ စွမ်းရည်ကို ပြလိုက်သလိုပဲ…