September 7, 2008

ချယ်(လ်)ဆီးလူနာသစ် အက်ဆီယန်


ချယ်(လ်)ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား မိုက်ကယ်အက်ဆီယန်ဟာ သူရဲ့ မိခင်နိုင်ငံ ဂါနာအသင်းနဲ့ အတူ ၂၀၁၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲဝင်ရင်း ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပါတယ်… လစ်ဗျားအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ပွဲမှာ သူဟာ ဒီဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပါတယ်… ဒီသတင်းဟာ လူနာစာရင်းတွေ များပြားနေတဲ့ ချယ်(လ်)ဆီးအသင်းအတွက်တော့ အတော်ကြီးမားတဲ့ ထိုးနှက်ချက်ပဲ ဖြစ်ပါတယ်…
ခန့်မှန်းချက်တွေအရ လေးပတ်လောက်အထိ နားရမယ်လို့ သိရပြီး စက်တင်ဘာ၂၁ ရက်နေ့မှာ ကစားရမယ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်… ချယ်(လ်)ဆီးအသင်းရဲ့ ဆေးအဖွဲ့ကတော့ ဒီအပတ်ထဲမှာ အက်ဆီယန်ရဲ့ ဒဏ်ရာကို စစ်ဆေးကြည့်ရှုမှာ ဖြစ်ပါတယ်… အက်ဆီယန်ကတော့ သူ့ဒဏ်ရာနဲ့ ပတ်သက်ပြီး ‘ ဒီဒဏ်ရာက ပြင်းထန်ပါတယ်… ဒါပေမယ့် ကျွန်တော် မကြာခင်မှာ အဆင်သင့်ဖြစ်မှာပါ ’ လို့ စကိုင်းစပေါ့ ဒေါ့ ကွန်း ကို ပြောကြားခဲ့ပါတယ်…

No comments:

Post a Comment