September 1, 2008

မန်စီးတီးအသင်းသို့ ရော်ဘင်ဟို ပြောင်းရွှေ့ပြီ

အင်္ဂလန်ကလပ် မန်ချက်စတာယူနိုက်အသင်းက ရီးရဲက ရော်ဘင်ဟိုကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၂.၅ မီလျံ နဲ့ စာချုပ်ချုပ်လိုက်ပြီလို့ အတည်ပြုခဲ့ပါတယ်…ဒီဘရားဇီးသားဟာ ရီးရဲမက်ဒရစ် နဲ့ စာချုပ်သစ်ထပ်မချုပ်ဖြစ်ပြီးတော့နောက်မှာ ရီးရဲကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်တာလို့ ယူဆရပါတယ်.. သူဟာ ချယ်(လ်)ဆီး အသင်းကို ပြောင်းချင်တယ်လို့ ပြောကြားခဲ့ပြီးမှ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ကို လက်ခံခဲ့တာလည်း ဖြစ်ပါတယ်… မက်ဒရစ်မြို့မှာ တနင်္ဂနွေနေ့တုန်းက ကျင်းပခဲ့တဲ့ ကလပ်သတင်းစာရှင်းလင်းပွဲမှာတော့ ချယ်(လ်)ဆီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် ရီးရဲမက်ဒရစ်ကနေ ထွက်ခွာချင်တယ်လို့ ပြောကြားခဲ့ပါတယ်..



No comments:

Post a Comment