November 28, 2008

ပရိသတ်များအား လက်ဆောင်ပေးရန် အီဗရာ ဆန္ဒရှိ

တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် ဒါဘီပြိုင်ဘက် မန်စီတီးကို အနိုင်ရရှိရေးဟာ အရေးကြီးတယ်လို့ ပက်ထရစ်အီဗရာ က ၀န်ခံလိုက်ပါတယ်… ပြီးခဲ့နှစ်က ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့တဲ့ မန်ယူအသင်းဟာ မန်စီးတီးအသင်းကို နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့ရပါတယ်… ဒါကြောင့် အီဗရာဟာ ဒီနှစ်မှာတော့ မန်စီးတီးအသင်းကို အနိုင်ယူပြီး သူတို့ရဲ့ ပရိသတ်တွေကို လက်ဆောင်အဖြစ် အမှတ်သုံးမှတ် ပေးဖို့ မျှော်လင့်နေတာဖြစ်ပါတယ်…. တနင်္ဂနွေပွဲဟာ နှစ်သင်းစလုံးအတွက်တော့ အရေးကြီးတဲ့ ပြိုင်ပွဲကြီးပါပဲ… ဒီပွဲဟာ ကျွန်တော်တို့သာမက အားပေးတဲ့ပရိသတ်အတွက်ရော၊ အသင်းအတွက် အလုပ်လုပ်ပေးနေကြတဲ့ လူများအတွက်ပါ အလွန်အရေးကြီးတဲ့ ပြိုင်ပွဲပါလို့ စကိုင်းစပေါ့ ကို အီဗရာက ပြောကြားခဲ့ပါတယ်… မန်စီးတီးဟာ ကျွန်တော်တို့အသင်းထက် ပိုမကောင်းဘူးဆိုတာကို ပြသဖို့ လိုအပ်တယ်… ပြီးခဲ့တဲ့နှစ်တုန်းက ၆ မှတ်ဆုံးရှုံးခဲ့တယ်.ဒါပေမယ့် ဆုဖလားကိုတော့ ရခဲ့တယ်… ပရိသတ်အတွက်ကတော့ မန်စီးတီးအသင်းကိုနိုင်တာဟာ လက်ဆောင်ကောင်းတစ်ခုပါပဲ လို့လည်း အီဗရာက ပြောကြားခဲ့ပါတယ်….

No comments:

Post a Comment