May 29, 2007

မနက်အာရုဏ်တက်နာရီစက်သံက
တစ္ဆေညည်းသံလို အေးစက် …
နေ့သစ်ရဲ့အလင်းတန်းတွေကလည်း
တစ္ဆေရဲ့လက်ချောင်းတွေလို ကုတ်ဖဲ့ …
ညကယုဇနပန်းနံ့တွေလည်း
ဘယ်သံစဉ်နောက်ကောက်ကောက်ပါအောင်
လိုက်သွားလဲမသိ

ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့ ၀င်သက်ထွက်သက်ကို
အင်အားမဲ့သက်ပြင်းတွေက
မီးလောင်ရာလေပင့်နေသယောင် …
လျော့တိလျော့ရဲအာရုံထဲက
တင်းတင်းရင်းရင်းအလှတွေကလည်း
အပြေးအလွှား …
ဆည်းဆာချိန်ကိုခုန်အုပ်ချင်တဲ့ ဆန္ဒကလည်း
လည်ဆံမွှေးတဖွားဖွားနဲ့ …

မျှော်လိုက်ရတာ ညနေပျိုရယ်
အိပ်မက်တွေပုပ်သိုးကုန်မှဖြင့် ခက်လှရော့မယ်
သန်းခေါင်မတိုင်ခင် သူတို့ကိုထုဆစ်ရဦးမယ်လေ
သူရိန်ရဲ့ကိုယ်ရောင်ကိုယ်ဝါကို ငါမခံနိုင်တာလည်း
မင်းသိသားနဲ့ …
ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ ငါ့ရင်ခွင်ကို မွမ်းမံဖို့
ကြယ်တစ်ပွင့် သေသေချာချာလင်းနေရမယ်လေ … ။ ။


အယ်မှူးကို

No comments:

Post a Comment