February 21, 2008

First win of England clubs in this Champions League


Liverpool ၏ ပထမဂိုးသွင်းရှင် ကူရစ်

လီဗာပူးကတော့ FA ကရှုံးကြွေးကို ချန်ပီယံလိဂ်မှာ ဆပ်လိုက်နိုင်ပါပြီ။ ကျန်တဲ့ England အသင်းတွေ သရေရလဒ်ရနေချိန်မှာ သူကတော့ အင်တာမီလန်ကို အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရလိုက်လို့လည်း နည်းပြကြီး ဘင်နီတက် အတွက် အသက်ရှူချောင်သွားရပါတယ်။ ဒီပွဲမှာတော့ လီဗာပူးဟာ တိုက်စစ်မှူးကူရစ်နဲ့ အသင်းခေါင်းဆောင် စတီဗင်ဂျရတ် တို့ရဲ့ ဂိုးတွေနဲ့ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားပါပြီ။
Champions League ပထမအကျော့ရလဒ်များ
ရိုးမား ၂ - ၁ ရီးရဲမက်ဒရစ်
(ရာအူး(၈’)၊ ပစ်ဇာရို(၂၄’)၊ မန်စီနီ(၅၈’))
လီဗာပူး ၂ - ၀ အင်တာမီလန်
(ကူရစ်(၈၅’)၊ စတီဗင်ဂျရတ်(၉၀’))
အိုလံပီယာကော့(စ်) ၀ - ၀ ချယ်(လ်)ဆီး
ရှော်(လ်)ကေး ၁ - ၀ ပေါ်တို
(ကူရန်ညီ(၄’))
အာဆင်နယ် ၀ - ၀ အေစီမီလန်
ဆဲ(လ်)တဟ် ၂ - ၃ ဘာစီလိုနာ
(ဟတ်ဆယ်လင့်(၁၆’)၊ မက်ဆီ(၁၈’)၊ ရော့ဘ်ဆင်(၃၈’)၊ ဟင်နရီ(၅၂’)၊ မက်ဆီ(၇၉’))
ဖီနာဘာချီ ၃ - ၂ ဆီဗီလာ
(ကက်ဖ်မန်း(၁၇’)၊ ဒရေစီနာ(၁၇’)O.G၊ လူဂါနို(၅၇’)၊ အက်စ်ကူဒီ(၆၆’)၊ ဆီမစ်(၈၇’))
လိုင်ယွန် ၁ - ၁ မန်ယူ(ဘင်ဇီမာ(၅၄’)၊ တီဗက်(၈၇’))

No comments:

Post a Comment