September 7, 2008

ချယ်(လ်)ဆီးလူနာသစ် အက်ဆီယန်


ချယ်(လ်)ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား မိုက်ကယ်အက်ဆီယန်ဟာ သူရဲ့ မိခင်နိုင်ငံ ဂါနာအသင်းနဲ့ အတူ ၂၀၁၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲဝင်ရင်း ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပါတယ်… လစ်ဗျားအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ပွဲမှာ သူဟာ ဒီဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပါတယ်… ဒီသတင်းဟာ လူနာစာရင်းတွေ များပြားနေတဲ့ ချယ်(လ်)ဆီးအသင်းအတွက်တော့ အတော်ကြီးမားတဲ့ ထိုးနှက်ချက်ပဲ ဖြစ်ပါတယ်…
ခန့်မှန်းချက်တွေအရ လေးပတ်လောက်အထိ နားရမယ်လို့ သိရပြီး စက်တင်ဘာ၂၁ ရက်နေ့မှာ ကစားရမယ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်… ချယ်(လ်)ဆီးအသင်းရဲ့ ဆေးအဖွဲ့ကတော့ ဒီအပတ်ထဲမှာ အက်ဆီယန်ရဲ့ ဒဏ်ရာကို စစ်ဆေးကြည့်ရှုမှာ ဖြစ်ပါတယ်… အက်ဆီယန်ကတော့ သူ့ဒဏ်ရာနဲ့ ပတ်သက်ပြီး ‘ ဒီဒဏ်ရာက ပြင်းထန်ပါတယ်… ဒါပေမယ့် ကျွန်တော် မကြာခင်မှာ အဆင်သင့်ဖြစ်မှာပါ ’ လို့ စကိုင်းစပေါ့ ဒေါ့ ကွန်း ကို ပြောကြားခဲ့ပါတယ်…

September 1, 2008

ဘာဘာတော့(ဗ်) မန်ယူသို့ ရောက်ပြီ

စပါးမှ ဒီမီတာ ဘာဘာတော့(ဗ်)ဟာ နောက်ဆုံးမှာတော့ မန်ချက်စတာယူနိုက်တက်ကို ပေါင် ၃၀.၇၅ သန်းနဲ့ ရောက်ရှိခဲ့ပါတယ်… အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ဖရိုင်ဇာ ကမ်းဘဲ(လ်)ဟာ စပါးကို ရာသီကုန်တဲ့အထိ အငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်… ဒီဘူဂေးရီးယန်းသားကို မန်ယူမန်နေဂျာ ဖာဂူဆန်ဟာ သူ့အသင်းကို ဒီနှစ်မှာ တိုက်စစ်မြှင့်ဖို့အတွက် အတော်လေးစိတ်ဝင်စားခြင်းခဲ့ပါတယ်… တနင်္လာနေ့ ဆေးစစ်မှုအပြီးမှာတော့ ဘာဘာတော့(ဗ်)ဟာ မန်ယူအသင်းနဲ့ လေးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်

မန်စီးတီးအသင်းသို့ ရော်ဘင်ဟို ပြောင်းရွှေ့ပြီ

အင်္ဂလန်ကလပ် မန်ချက်စတာယူနိုက်အသင်းက ရီးရဲက ရော်ဘင်ဟိုကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၂.၅ မီလျံ နဲ့ စာချုပ်ချုပ်လိုက်ပြီလို့ အတည်ပြုခဲ့ပါတယ်…ဒီဘရားဇီးသားဟာ ရီးရဲမက်ဒရစ် နဲ့ စာချုပ်သစ်ထပ်မချုပ်ဖြစ်ပြီးတော့နောက်မှာ ရီးရဲကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်တာလို့ ယူဆရပါတယ်.. သူဟာ ချယ်(လ်)ဆီး အသင်းကို ပြောင်းချင်တယ်လို့ ပြောကြားခဲ့ပြီးမှ မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ကို လက်ခံခဲ့တာလည်း ဖြစ်ပါတယ်… မက်ဒရစ်မြို့မှာ တနင်္ဂနွေနေ့တုန်းက ကျင်းပခဲ့တဲ့ ကလပ်သတင်းစာရှင်းလင်းပွဲမှာတော့ ချယ်(လ်)ဆီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် ရီးရဲမက်ဒရစ်ကနေ ထွက်ခွာချင်တယ်လို့ ပြောကြားခဲ့ပါတယ်..



August 29, 2008

ယူရို၂၀၀၈ ရွှေဖိနပ်ဆု နှင့် ပွဲစဉ် တစ်လျှောက် အကောင်းဆုံးကစားသမား

ရွှေဖိနပ်ဆု

ဒေးဗစ်ဗီလာ(၄ ဂိုး)

ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမား

ဇာဗီ


ယူရို၂၀၀၈ ဖိုင်နယ်ပွဲစဉ် ရလဒ်

ဂျာမနီ ၀ - ၁ စပိန်

(ဖာနန်ဒိုတောရက်(စ်)(၃၃'))

အကောင်းဆုံးကစားသမားဆု - ဖာနန်ဒိုတောရက်(စ်)

ယူရို၂၀၀၈ ဆီမီးဖိုင်နယ်ပွဲစဉ် ရလဒ်များ

ဂျာမနီ ၃ - ၂ တူရကီ

(ရှဝိန်းစတိုင်ဂါ(၂၆')၊ ကလိုဆေး(၇၉')၊ ဖိလစ်လမ်း(၉၀')၊ ဘိုရာ(၂၂')၊ ဆီမစ်(၈၆'))

အကောင်းဆုံးကစားသမားဆု - ကားဆီးလက်(စ်)


ရုရှား ၀ - ၃ စပိန်

(ဇာဗီ(၅၀')၊ ဂွီဇာ(၇၃')၊ ဒေးဗစ်ဆေး(လ်)ဗား(၈၂'))

အကောင်းဆုံးကစားသမားဆု - အင်နီယေစတာ

ယူရို၂၀၀၈ ကွာတားဖိုင်နယ်ပွဲစဉ် ရလဒ်များ

ခရိုအေးရှား ၁ - ၁ တူရကီ

(ကလာစနစ်(၁၁၉')၊ ဆီမစ်(၁၂၀'+၂'))

ပယ်နယ်တီတွင် ၃ ဂိုး ၁ ဂိုး ဖြင့် တူရကီဆီမီးဖိုင်နယ်တက်

အကောင်းဆုံးကစားသမားဆု - အယ်(လ်)တင်တော့


ဟော်လန် ၁ - ၃ ရုရှား

(နစ်စတယ်ရွိုင်း(၈၆')၊ ပက်ဗလျူချင်ကို(၅၆')၊ တော်ဘစ်စကီး(၁၁၂')၊ အာရှာဗင်(၁၁၆'))

အကောင်းဆုံးကစားသမားဆု - အာရှာဗင်


စပိန် ၀ - ၀ အီတလီ

ပယ်နယ်တီ ကန်ရာတွင် ၄ ဂိုး ၂ ဂိုး ဖြင့် စပိန် ဆီမီးဖိုင်နယ်တက်

အကောင်းဆုံးကစားသမားဆု - ကားဆီးလက်(စ်)