March 6, 2008

Champion League ဒုတိယအကျော့ရလဒ်များ

Champion League ဒုတိယအကျော့ရလဒ်များ

အေစီမီလန် ၀ - အာဆင်နယ် ၂

(ဖာဘရီဂတ်(စ်)(၈၄’)၊ အဒီဘာယော(၉၀’))

ဘာစီလိုနာ ၁ - ၀ ဆဲ(လ်)တစ်

(ဟာနန်ဒတ်(စ်)(၃’))

မန်ယူ ၁ - လိုင်ယွန်

(စီရိုနယ်ဒို(၄၁’))

ဆီဗီလာ ၃ - ၂ ဖီနာဘာချီ

(အဲ(လ်)ဗက်(၅’)၊ ကီတာ(၉’)၊ ဒေးဗစ်(၂၀’)၊ ကနူတေး(၄၁’)၊ ဒေးဗစ်(၇၉’))

ချယ်လ်ဆီး ၃ - အိုလံပီယာကော့(စ်)

(မိုက်ကယ်ဘောလက်(၆’)၊ ဖရန့်လမ်းပတ်(၂၅’)၊ ကာလူး(၄၈’))

ပေါ်တို ၁ - ၀ ရှော်(လ်)ကေး

(လိုပက်(ဇ်)(၈၆’))

ရီးရဲမက်ဒရစ် ၁ - ၂ ရိုးမာ

(တက်ဒီ(၇၃’)၊ ရာအူး(၇၅’)၊ ဗက်နူချီ(၉၀’))

အေစီရဲ့ဘောလုံးဘိုးအေကြီးတွေလည်း အာဆင်နယ်ရဲ့ လူငယ်ကစားတွေအောက်မှာ နောက်ကောက်ကျခဲ့ပါပြီ။ ဒီပွဲမှာ အေစီမီလန်အသင်းဟာ တစ်ချိန်လုံး အာဆင်နယ်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရောက်နေခဲ့ပါတယ်။ ပါတိုကိုလည်း အာဆင်နယ်နောက်တန်းက အကောင်းဆုံးထိန်းချုပ်သွားနိုင်ခဲ့ပြီး ကာကာရဲ့ ဘောလုံးဖြန့်ဝေမှုတွေဟာလည်း အရာမရောက်ခဲ့ပါဘူး။ အေစီရဲ့ကွင်းလယ်ဖန်တီးရှင် ပီယာလိုဟာလည်း အာဆင်နယ်ကွင်းလယ်က ဖလာမီနီရဲ့ ထိန်းချုပ်မှုအောက်ကနေ ရုန်းမထွက်နိုင်ခဲ့ပါဘူး။ ဒီနေ့ပွဲရဲ့ ပထမဂိုးသွင်းရှင် ဖာဘရီဂတ်(စ်)ကတော့ အာဆင်နယ်အတွက် ကွာတားတက်မဲ့ ပထမဂိုးကို ပွဲချိန် ၈၄ မိနစ်မှာ စတင်သွင်းယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အေစီမီလန်အသင်းဟာ ချေပဂိုးရရှိဖို့ တိုက်စစ်ဆင်ပေမယ့် အာဆင်နယ်နောက်တန်းကို မကျော်နိုင်ခဲ့ပဲ အဒီဘာယောက ဒုတိယမြောက်ဂိုးကို သွင်းယူတာခံခဲ့ရတာဖြစ်ပါတယ်။

No comments:

Post a Comment