March 28, 2008

မြန်မာတို့၏ သင်္ကြန်ပွဲတော် (သို့) လိုင်စင်ရအရက်သောက်ပွဲ

သင်္ကြန်ရောက်တော့မည်… ထို့အတွက် ပြင်ရဆင်ရတော့သည်… သင်္ကြန်တွင်
ကဲဖို့အတွက်… ထို့အတွက် အဝတ်အစားလိုသည်… ကောင်မလေးများကြွေအောင်…
ပြီးတော့ ဖိနပ်… ဦးထုပ်ပါ ပါလျှင် ပို အဆင်ပြေသည်… သင်္ကြန်တွင် အရက်ကတော့
ဘုံးပေါလအောရသည်... ထို့ကြောင့် ဘုံးပေါလအော သောက်ဖြစ်သည်…
မူးလိုက်သည်မှာ ပြောမနေနှင့်တော့…မိဘများကလည်း သြော် သားသမီးလေးတွေ
တစ်နှစ်တစ်ခါ သောက်ပါစေပေါ့…. ဒီတော့ သားတို့မှာ တစ်နှစ်တစ်ခါ
မူးသည့်အရသာကို ခံစားကြရသည်… မူးသည်မှာ နေ့စဉ်ရက်ဆက် မနက်ဆိုလျှင်
ကားနှင့်လည်ဖို့ ပြင်ဆင်ရသည်… ကောင်မလေးတွေဆိုလျှင်တော့ စကတ် သို့
ဘောင်းဘောင်းနှင့်… စကတ်မှာ အတို… အရှည်ဆိုလျှင် သိပ်မကြိုက်… သြော်
သွားရလာရ ခက်မှာစိုးလို့… တလွဲမထင်နဲ့… ကောင်လေးများကတော့
ဘောင်းဘောင်းကိုသာ တွင်တွင်ဝတ်ကြသည်… ပုဆိုးဝတ်သူသိပ်မရှိလှ…
ပုဆိုးဝတ်သောသူ အများစုမှာ ကားဒရိုင်ဘာများသာ ဖြစ်၏… မိန်းကလေးများက
မန်ဓတ်မှာ ကဲကြသည်… ရေပက်သည်… သီချင်းဆိုရင်း ကသည်.. သောက်သည်…
ကောင်လေးများက ကောင်မလေးများနှင့် တွဲကသည်… အပျော်ပေါ့….
တစ်နေ့လုံးကဲပြီးမှ ညနေ အိမ်ပြန်သည်…
တော်ပြီ… ဒီလောက်ပဲ… တော်ကြာ ခုခေတ် မြန်မာ လူငယ်တွေ အကြောင်း သိကုန်မယ်..

No comments:

Post a Comment