August 5, 2016

Bing Coupon $112 For New Ad Accounts

CHOICEDELHI is offering promo codes worth $112 for Bing ads accounts.You can use it in your new ad account and can save 112 USD. 

We have 100% working Bing Coupon $112 For New Ad Accounts for you.


  • This coupon works in new or less than 30 days old account

  • You can add only one one voucher in one account.

  • You can redeem only one time in one account.

  • this coupon works worldwide in all countries where bing ad is allowed,

Many affiliate marketers are using Bing ads for great results.People can run affiliate ads of Maxbounty, Peerfly, clickbank and neverblue etc.

This is really a best idea to advertise . Bing advertisement is getting popular day by day.

For more details about this offer contact us at 
Skype id speakmeme
Mobile +91-8586875020 / +91-9136075049


September 5, 2012

Reminder: Aung Ko Ko invited you to join Facebook...

facebook
Aung Ko Ko wants to be your friend on Facebook. No matter how far away you are from friends and family, Facebook can help you stay connected.
Other people have asked to be your friend on Facebook. Accept this invitation to see your previous friend requests
Aung Ko Ko
အကြီးဆုံး at လည်ရာပြန်စားရေး · University of Computer Studies, Yangon(UCSY)
214 friends · 3 notes
Accept Invitation
Go to Facebook
This message was sent to bluepencin.571370@blogger.com. If you don't want to receive these emails from Facebook in the future or have your email address used for friend suggestions, please click: unsubscribe.
Facebook, Inc. Attention: Department 415 P.O Box 10005 Palo Alto CA 94303

June 29, 2012

ရန်ကုန်မှာ ရွာတဲ့မိုး (သို့) ရန်ကုန်မိုး

          ရန်ကုန်မှာ အခုရက်ပိုင်း မိုးအတော်ရွာနေတယ်…။မိုးရွာတော့ ဘာဖြစ်လဲဆိုတော့… ရေကြီးတာပေါ့။ သွားရလာရ ခက်တာပေါ့။ မိုးရွာပြီဆိုရင် ဘယ်မှမသွားချင်တော့ဘူး။ ဘယ်သွားချင်မလဲ။ ရေစိုတာကိုး။ ထီးပါလည်း ရေစိုတာပဲ။ မြို့လည်ခေါင် သာ ဆိုး သေး တယ်။ ရေတက်လို့။ မိုးနည်းနည်းရွာတာနဲ့ မြောင်းတွေက ရေလျှံလာပြီ။ ကားမှတ်တိုင်ရှေ့ ရေအိုင်နေရင်တော့ သတိသာထားပေတော့။
အမောင်းကြမ်းတဲ့ ကားသမားနဲ့တွေ့လို့ကတော့ မိုးရေချိုးပြီးသား ဖြစ်သွားမယ်မှတ်။ အိမ်ကထွက်လာတာတော့ ရှိုးစမိုး အပြည့်နဲ့။ မိုးရေချိုးပြီးရင်တော့ ရှိုးစမိုး မဖြစ်တော့ဘူး။ ဒေါသကလည်း အတော်ထွက်နေပြီ။ ကားအမောင်းကြမ်းတဲ့ ဒရိုင်ဘာကိုပဲ ဒေါသထွက်ရမလား။ ရေနားရပ်နေတဲ့ ကိုယ့်ကိုကိုယ်ပဲ ဒေါသထွက်ရမလား။ ဘာကိုဒေါသထွက်ရမှန်းကို မသိတော့ဘူး။ ဒီလိုနဲ့ တစ်နေ့လုံး ဒေါသတွေနဲ့ နပန်းလုံးရတော့တာပဲ... ။

June 26, 2012

မစန္ဒာ

သူမ… နာမည်က စန္ဒာ… ဘဝကို ရိုးရိုးရှင်းရှင်းပဲ ဖြတ်သန်းခဲ့တဲ့ အမျိုးသမီးတစ်ယောက်… ပုံမှန်အတိုင်းပါပဲ… ကျောင်းတက်တယ်…ကျောင်းပြီးလို့ ဘွဲ့ရတဲ့အခါကျတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်လျှောက်တယ်… ဒီလိုနဲ့ ကုမ္ပဏီမှာ trainee တစ်ယောက်အနေနဲ့ အလုပ်ဝင်ခဲ့တယ်… ဒါနဲ့ trainee ဆိုတာ ကုမ္ပဏီက ဝန်ထမ်းအသစ်ပေါ့နော်… လုပ်ရမယ့်အလုပ်တွေကို ကုမ္ပဏီကပဲ အစစအရာရာ သင်ပေးရမယ့်သူကို ပြောတာပါ…

မစန္ဒာက ကျောင်းပြီးလို့ အလုပ်ဝင်စဆိုတော့ အလုပ်အကြောင်းလဲ သိပ်မသိသေးဘူးဗျ… Trainee ဆိုတော့ လခကလဲ များများမရသေးဘူး… ဒါပေမယ့် ကုမ္ပဏီက သူ့ကို အလုပ်မှာ လိုအပ်မယ့်အရာတွေကို training ပေးခဲ့တယ်… သူမလဲ သင်တန်းတော်တော်များများ တက်ခဲ့ရတယ်…ပြီးတော့ မစန္ဒာက အလုပ်ကြိုးစားတယ်ဗျ… ဒီတော့ ကုမ္ပဏီသူဌေးက သူမရဲ့ အလုပ်ကြိုးစားမှု၊ လုပ်ရည်ကိုင်ရည်နဲ့ တိုးတက်မှုတွေကို သဘောကျလာတယ်… သိပ်မကြာပါဘူး… မစန္ဒာ ရာထူးတိုးသွားတယ်.. လခလည်း တိုးသွားတယ်… နောက် ၂ နှစ်လောက်ကြာတော့ ရာထူးထပ်တိုးတယ်… ငါးနှစ်လောက်လဲ ရောက်ရော လူငါးယောက်ရှိတဲ့ department ကို ကြီးကြပ်ရတဲ့သူ တစ်ယောက် ဖြစ်လာရော…ဒီလိုနဲ့ ဘဝကို ဖြတ်သန်း လာတာ မစန္ဒာ အသက် ၂၅ လောက်လဲ ရောက်တော့ ပိုပြီးတော့ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အလုပ် တစ်ခု ကို လိုချင်လာရော… နိုင်ငံခြားကို သွားချင်တဲ့စိတ်ဖြစ်လာတယ် ပေါ့ဗျာ… ဒါနဲ့ ကုမ္ပဏီကနေ အလုပ်ထွက်လိုက်ပြီး နိုင်ငံခြားကိုသွားလို့ရတဲ့ တစ်ခြားအလုပ်တစ်ခုပြောင်းရှာခဲ့တယ်… သိပ်မကြာပါဘူး… တစ်လလောက် ကြာတော့ အလုပ်တစ်ခု ရခဲ့တယ်… ကံကလဲ ကောင်းတယ်ဗျ… ဒီခေတ်ကြီးမှာ အလုပ်တစ်ခုကို ဒီလောက် မြန်မြန်နဲ့ ရဖို့ဆိုတာ သိပ်လွယ်တာ မဟုတ်ဘူး… အပေါင်းအသင်း၊ အဆက်အသွယ် ကြောင့်လဲ ပါတာပေါ့ဗျာ… အလုပ် ရတဲ့ကုမ္ပဏီက International ကုမ္ပဏီ တစ်ခုမှာ ဗျ… အလုပ်ကလဲ နိုင်ငံခြားကို ခရီး တော်တော် များများ သွားရမယ်တဲ့… အစဆိုတော့ သူမလဲ ဒီလို ခရီးသွားရတာနဲ့ ပတ်သက်ပြီး အတော်လေး စိတ်လှုပ်ရှားမိတာပေါ့…ပြီးတော့ခရီးထွက်ရတာကိုလဲ ကြိုက်တာပေါ့ (နိုင်ငံခြားကို သွားရတာဆိုတော့)…
ဒါပေမယ့်…ခြောက်လလောက် ကြာတော့ မစန္ဒာ ခရီးသွားရ တာကို သိပ်မကြိုက်တော့ဘူး ...ငြီးငွေ့ လာတယ်... နိုင်ငံရပ်ခြား ခရီးသွားတယ်ဆိုတာ နေရတာက ဟော်တယ်မှာချည်းပဲ ဆိုတော့… တည်းမယ့်မြို့မှာ အမျိုးတွေ… သူငယ်ချင်းတွေ ရှိရင်တော့ တစ်မျိုးပေါ့လေ… မကြိုက်တာလေးတွေ များလာပြီးတော့ ဒီလိုနဲ့ပဲ အလုပ်မှာ အမှားအယွင်းတွေ ဖြစ်လာတယ်… အလုပ်ကို ကောင်းကောင်း မလုပ်နိုင်တော့ဘူး… အလုပ် လုပ်ချင်စိတ် တဖြည်းဖြည်း လျော့လာတာကြောင့်လဲ ပါတယ်.. တစ်နှစ်လောက် ကြာတော့ မစန္ဒာ အလုပ်ထုတ် ခံရတယ်… ဘဝဟာ အတော်လေး ခက်ခဲလာတာပေါ့… အလုပ်လက်မဲ့ ၉လလောက် ဖြစ်ပြီးတော့မှ စားသောက်ဆိုင်တစ်ခုရဲ့ မီးဖိုချောင်မှာ အချိန်ပိုင်းအလုပ်တစ်ခု ရတော့တယ်…
မစန္ဒာက စားသောက်ဆိုင်မှာ အလုပ်လုပ်ရတာကို အတော်လေး နှစ်ခြိုက်မိတယ်…အခုမှ သူမ လျှောက်လှမ်းရမယ့် ဘဝကို တွေ့လိုက်ရသလိုပါပဲ… အချက်အပြုတ်ကိုလည်း စိတ်ဝင်တစားနဲ့ သင်ဖြစ်တယ်… ၂နှစ်လောက်အကြာမှာတော့ အဲဒီစားသောက်ဆိုင်မှာ သူ့ခြေသူ့လက်ပဲ ဖြစ်လာတယ်… သူမဟာ စားသောက်ဆိုင် တစ်ဆိုင်ကို ဦးစီးအုပ်ချုပ် နိုင်လာတယ်…ဒီလိုနဲ့ ကိုယ်ပိုင်စားသောက်ဆိုင်လေး တစ်ဆိုင်ကို ဖွင့်ဖြစ်ခဲ့တယ်… တစ်နှစ်လောက်ကြာတော့ နောက်တစ်ဆိုင်… နှစ်၂၀လောက်ကြာတော့ စားသောက်ဆိုင် ၁၀ဆိုင် ပိုင်ရှင်ဘဝကို ရောက်လာပါတော့တယ်…
သူမ စားသောက်ဆိုင် ပိုင်ရှင်တစ်ယောက် ဖြစ်လာမှ သိလာတာ တစ်ခုကတော့ လူတစ်ယောက်ဟာ ဘဝမှာ အောင်မြင်၊ ကြီးပွားချင်ရင် မိမိဝါသနာနဲ့ ကိုက်ညီတဲ့ အလုပ်တစ်ခုကို ဇွဲကောင်းကောင်း နဲ့ လုပ်မှ ဆိုတာကိုပါ… လူငယ်ဘဝမှာ စိတ်ဝင်စားခဲ့တဲ့ အလုပ်တွေဟာ ကိုယ်လျှောက်လှမ်း ရမယ့် ဘဝနဲ့ ကိုက်ညီရဲ့လား… ကိုယ်ရဲ့ တစ်ကယ့်ဝါသနာလား ဆိုတာကိုတော့ဆန်းစစ်ဖို့လိုပါလိမ့်မယ်…အလုပ်လုပ်ရင်းအခက်အခဲနဲ့ တွေ့တဲ့အခါတတ်နိုင်သမျှ ပြေလည်အောင် ဖြေရှင်းပေးရမယ် ဆိုတာကိုလည်း အလုပ်လုပ်ရင်း ရတဲ့ အတွေ့အကြုံ အရ သိလာခဲ့ရပါတယ်… 
ပြီးခဲ့တဲ့နှစ် ၂၀၀၆ မစန္ဒာ အသက် ၅၀ မှာ အလုပ်ကနေ အနားယူခဲ့ ပါတယ်… လူချမ်းသာတစ်ယောက် အနေနဲ့ပေါ့….

June 25, 2012

မြန်မာ U22 နှင့် ဗီယက်နမ်


ဒီနေ့ မြန်မာ နဲ့ ဗီယက်နမ်နဲ့ ပွဲ Channel 7 ကနေ ကြည့်ဖြစ်တယ်.. မြန်မာကတော့ ဒီပုံစံဆို နောက်ပွဲတွေ မလွယ်ဘူး.. ပရိသတ်အား ရှိနေလို့သာ ဒီလောက်အထိ ကန်နိုင်တာ.. တစ်ခြားနိုင်ငံမှာ သွားကန်လို့ကတော့ သိပ်မလွယ်ဘူး.. အရင်တုန်းက ပုံစံ ဘောလုံးနောက်ကို သုံး လေး ယောက် လောက်က စုပြီး လိုက်နေတုန်းပဲ.. ဖိလစ်ပိုင်နဲ့ ပွဲတုန်းက ဒီပုံစံ မတွေ့ဖြစ်ဘူး.. ဒီပွဲကြမှ တွေ့တာ.. ကျော်ဇေယျာဝင်းကတော့ အတော်လေး ကောင်းပါတယ်… ကြည်လင်းလည်း မဆိုးဘူး.. မြန်မာ ကစားသမားတွေ ဂိုးရှေ့ရောက်ရင် နည်းနည်းလောက် တစ်ကိုယ်ကောင်း ဆန်ချင်တဲ့ စိတ်နဲ့ ခွေ နေတာလေးတွေကို လျှော့ပေးနိုင်ရင် ကောင်းမယ်..  ကျော်ကိုကိုကတော့ သူ့ ဘောလုံး ပညာကို ပြနိုင်ပါတယ်..

December 14, 2008

အီတိုး မက်ဆီ တို့၏ သွင်းဂိုးများနှင့် ရီးရဲမက်ဒရစ်အား ဘာစီလိုနာ အနိုင်ရရှိခြင်း

ကင်မရွန်းသား ဆင်မြူရယ် အီတိုးရဲ့ ၈၃ မိနစ် သွင်းဂိုးနှင့် အတူ ရီးရဲမက်ဒရစ် နည်းပြကြီး ရာမို့စ် ရဲ့ ပထမဆုံးပွဲဟာ ရှုံးနိမ့်မှုနဲ့ အစပြုခဲ့ရပါတယ်… မိနစ် ၇၀ မှာ ရရှိတဲ့ ပင်နယ်တီ လွဲချော်ခဲ့ပေမယ့်လည်း အီတိုးဟာ ဒီပွဲရဲ့ အဆုံးအဖြတ် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်… အဲဒီနောက် မှာ မိနစ် ၉၀ မက်ဆီရဲ့ သွင်းဂိုးနဲ့ အတူ ရီးရဲ ပူပူနွေးနွေး နည်းပြကြီးဟာ အရှုံးနဲ့ ရင်ဆိုင်သွားရတာ ဖြစ်ပါတယ်….

November 28, 2008

ပရိသတ်များအား လက်ဆောင်ပေးရန် အီဗရာ ဆန္ဒရှိ

တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် ဒါဘီပြိုင်ဘက် မန်စီတီးကို အနိုင်ရရှိရေးဟာ အရေးကြီးတယ်လို့ ပက်ထရစ်အီဗရာ က ၀န်ခံလိုက်ပါတယ်… ပြီးခဲ့နှစ်က ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့တဲ့ မန်ယူအသင်းဟာ မန်စီးတီးအသင်းကို နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့ရပါတယ်… ဒါကြောင့် အီဗရာဟာ ဒီနှစ်မှာတော့ မန်စီးတီးအသင်းကို အနိုင်ယူပြီး သူတို့ရဲ့ ပရိသတ်တွေကို လက်ဆောင်အဖြစ် အမှတ်သုံးမှတ် ပေးဖို့ မျှော်လင့်နေတာဖြစ်ပါတယ်…. တနင်္ဂနွေပွဲဟာ နှစ်သင်းစလုံးအတွက်တော့ အရေးကြီးတဲ့ ပြိုင်ပွဲကြီးပါပဲ… ဒီပွဲဟာ ကျွန်တော်တို့သာမက အားပေးတဲ့ပရိသတ်အတွက်ရော၊ အသင်းအတွက် အလုပ်လုပ်ပေးနေကြတဲ့ လူများအတွက်ပါ အလွန်အရေးကြီးတဲ့ ပြိုင်ပွဲပါလို့ စကိုင်းစပေါ့ ကို အီဗရာက ပြောကြားခဲ့ပါတယ်… မန်စီးတီးဟာ ကျွန်တော်တို့အသင်းထက် ပိုမကောင်းဘူးဆိုတာကို ပြသဖို့ လိုအပ်တယ်… ပြီးခဲ့တဲ့နှစ်တုန်းက ၆ မှတ်ဆုံးရှုံးခဲ့တယ်.ဒါပေမယ့် ဆုဖလားကိုတော့ ရခဲ့တယ်… ပရိသတ်အတွက်ကတော့ မန်စီးတီးအသင်းကိုနိုင်တာဟာ လက်ဆောင်ကောင်းတစ်ခုပါပဲ လို့လည်း အီဗရာက ပြောကြားခဲ့ပါတယ်….