November 28, 2008
ဂျိုးကင်နီယာအား ရာသီကုန်အထိ နယူးကာဆယ်အသင်း ခန့်အပ်
နယူးကာဆယ်အသင်းဟာ ယာယီနည်းပြ ဂျိုးကင်နီယာကို မန်နေဂျာအဖြစ် ရာသီကုန်အထိ ခန့်အပ်ဖို့ကို အတည်ပြုလိုက်ပါတယ်… ကင်နီယာဟာ စက်တင်ဘာလမှာ အံ့အားသင့်ဖွယ် အသင်းမှ နုတ်ထွက်သွားတဲ့ ကီဗင်ကီးဂန်းနေရာကို ရောက်ရှိလာသူ ဖြစ်ပါတယ်… ဒီအိုင်းရစ်ရှ်လူမျိုးနည်းပြကြီးဟာ နယူးကာဆယ်ကို ၁လ စာချုပ်နဲ့ နည်းပြဖို့ ရောက်ရှိလာသူဖြစ်ပါတယ်… နော်တင်ဟမ်ဖော ရက်စ် နဲ့ ၀င်ဘယ်(လ်)ဒန်ဆသင်းတို့ကို နည်းပြခဲ့တဲ့ သူ့ကို နယူးကာဆယ် ကစားသမားအများစုကလည်း ဆက်လက်နည်းပြဖို့ အလိုရှိနေကြပါတယ်… အခုလက်ရှိမှာတော့ နယူးကာဆယ်အသင်းပိုင်ရှင် အက်ရှ်လေဟာ ကလပ်အသင်းကို ပိုင်ရှင်အသစ်တွေလက်ထဲ ရောင်းချဖို့ ပြင်ဆင်နေပါတယ်…
Subscribe to:
Post Comments (Atom)
No comments:
Post a Comment